Monday, October 24, 2011

ကျန်းမာရေးစစ်ပေးမယ် ၊ တုတ်ကွေးကာကွယ်ဆေးထိုးပေးမယ်

ဓမ္မဒူတ (ကိုရီးယား)နှင့် ကိုရီးယား အင်ဂျီအို တစ်ဖွဲ့တို့ ညှိနှိုင်းချက်အရ ၊ ကိုရီးယားနိုင်ငံရောက် မြန်မာ မောင်မယ်များအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် တုတ်ကွေးကာကွယ်ဆေးထိုးခြင်းတို့ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း မေတ္တာဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည် -
ရက်စွဲ ။ ၂၀၁၁နှစ် အောက်တိုဘာလ ၃၀ ရက် ၊ တနင်္ဂနွေနေ့ ။
အချိန် ။ နံနက် ၁၁ နာရီမှ ညနေ ၃ နာရီထိ ။
နေရာ ။ အင်ချောန်းမြို့တော် ၊ ဘူဖြောင်းမြို့ ။


စစ်ဆေးခြင်း _
- သွေး ၊ ဆီး ၊ စစ်ဆေးခြင်း ။
- ဓါတ်မှန်ရိုက်ခြင်း ။
- ခန္ဓာကိုယ်စကင် ဖတ်ခြင်း ။
- စိတ်ဖိစီးမှုရောဂါ ရှိမရှိ ။
- အစာအိမ်လမ်းကြောင်း စစ်ဆေးခြင်း ။ (ဦးရေကန့်သတ်ထားပါသဖြင့် အမည် စာရင်း ကြိုတင် ပေးသွင်းပေးသွင်းရပါမည်)

ကုသခြင်း -
- အထွေထွေရောဂါများ ။(အပ်စိုက်ကုသခြင်းအပါအဝင်)
ကာကွယ်ခြင်း -
- တုတ်ကွေးကာကွယ်ဆေး ထိုးခြင်း ။
မှတ်ချက် ။
- ကြိုပို့ကားများ နံနက် ၁၀ နာရီ ၃၀မိနစ် တိတိတွင် ဓမ္မဒူတ (ကိုရီးယား)မှ ထွက်ခွါပါမည် ။
- ကြိုတင်ပြင်ဆင်မှုအစီအစဉ်များ ပြုလုပ်ရမည်ဖြစ်ပါသဖြင့် လိုက်ပါလိုသူများ ၊ အောက်တိုဘာလ ၂၆ အင်္ဂါနေ့ နေ့လည် ၁ နာရီ နောက်ဆုံးထားပြီး 010-2331-2457 ထံ အမည် စာရင်းပေးသွင်းရမည် ဟုဆိုပါသည် ။

No comments: