Monday, November 21, 2011

အလှူတော် မင်္ဂလာဖိတ်ကြားလွှာ

ကိုရီးယားရောက် မြန်မာညီအကိုမောင်နှမ အပေါင်းတို့ခင်ဗျား...
၂၇.၁၁.၂၀၁၁ တနင်္ဂနွေနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး၌
အနန္တငါးပါး ဦးထိပ်ထား၍ ဘဝအနှစ် ကုသိုလ်စစ်ကို ရလိုစိတ်သန် သဒ္ဓါမှန်ဖြင့်
နိဗ္ဗာန်ရည်မျှော် ကုသိုလ်တော်ပွဲကြီးကို အလှူရှင်များဖြစ်ကြသော ကိုရီးယားရောက်
တောင်သာမြို့ညီအကိုများစုပေါင်း၍ လှူဒါန်းကျွေးမွေးဧည့်ခံမည်ဖြစ်ပါသဖြင့်
စိတ်ကောင်း မိတ်ကောင်း နှစ်ကောင်းပြည့်စုံ လွှမ်းခြုံဆင်နွဲ ကုသိုလ်တော်ပွဲကြီးသို့
ကြွရောက်ချီးမြှောက်ကြပါရန် မေတ္တာရှေ့ထား ဖိတ်ကြားအပ်ပါသည်။

အစီစဉ် - နံနက် ရွှေတောင်ခေါက်ဆွဲနှင့် နေ့လယ် ဒန်ပေါက်ထမင်းတို့ဖြင့်
ဧည့်ခံကျွေးမွေးပြီး နံနက် ၉း၀၀ နာရီအခန့် ရေစက်ချ တရားတော်
နာကြားမည်ဖြစ်ပါသည်။

အင်ချွန်းမြို့ ၊ဘူဖြောင်း ၊မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ။

No comments: