Tuesday, November 22, 2011

သက်ဆိုင်ရာ ဓမ္မဒူတ-နိဗဒ္ဓ အလှူရှင်များသို့ အသိပေး နှိုးဆော်လွှာ

ဓမ္မဒူတ (ကိုရီးယား) အကျိုးတော်ဆောင်အဖွဲ့ အနေဖြင့် ၊ ဓမ္မဒူတ-နိဗဒ္ဓအလှူတော် အစီအစဉ်ကို သက်ဆိုင်ရာ ဘဏ္ဍာရေး အကျိုးဆောင်လုပ်ငန်း ၊ သက်ဆိုင်ရာဘဏ်များ နှင့် သက်ဆိုင်ရာ အလှူရှင်များ စသည်အားဖြင့် ၄ ဖက် ၄ ဌာနမှ ပုဂ္ဂိုလ်များနှင့် ပူးတွဲ/ညှိနှိုင်းပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည် ။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၊ သက်ဆိုင်ရာ ဘဏ္ဍာရေးအကျိုးဆောင်လုပ်ငန်းအနေဖြင့် ၂၀၁၁ ခုနှစ် ဇွန်လ ၂၃ ရက်နေ့စွဲဖြင့် ၊ အလှူရှင် ၁၂ ဦးတို့ထံမှ အလှူတော်ငွေ ၃သိန်း ၆သောင်းဝမ်ကို ဓမ္မဒူတဘဏ် စာရင်းသို့ ကောက်ခံ ပေးသွင်းမည့် အစီအစဉ် (Database Program) ရေးသွင်းရာတွင် အလှူရှင်များထံမှ ကောက်ခံရန်အလှူငွေ (청구금액) ဟု ရေးသွင်းရမည့်အစား ၊ အလှူရှင်များထံမှ ရရှိပြီးအလှူငွေ (출금금액) ဟု မှားယွင်းရေးသွင်းခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည် ။
အလှူရှင်များထံမှ ရရှိပြီးကြောင်း စာရင်းရေးသွင်းထားသော်လည်း ၊ သက်ဆိုင်ရာ ဘဏ်များအနေဖြင့် အမှန်တကယ် ကောက်ခံထားခြင်းမရှိခဲ့ပါသဖြင့် ပါရမီရှင်တို့၏ အလှူတော်အစီအစဉ်များမှာလည်း အထမမြောက်ခဲ့ကြောင်းလည်း တွေ့ရှိရပါသည် ။
သို့ဖြစ်ရာ ပါရမီရှင်တို့၏ အလှူတော် အထမြောက်အောင်မြင်စေရေးအလို့ငှာ လည်းကောင်း ၊ အမှားပြင်ဆင်သည့်အနေဖြင့် လည်းကောင်း ၊ အောက်ဖော်ပြပါ အလှူရှင် ၁၂ ဦးတို့၏ ၂၀၁၁ ခုနှစ် ဇွန်လ အတွက် အလှူတော်ငွေကို ယခု နိုဝင်္ဘာလ သို့မဟုတ် ဒီဇင်္ဘာလတွင် အစားထိုး ကောက်ခံ လိမ့်မည် ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည် -





လ တစ်လအတွင်း အလှူတော် ၂ ထပ် ကောက်ခံသကဲ့သို့ ဖြစ်နေမည် ဖြစ်သဖြင့် ၊ အလှူရှင်များအနေဖြင့် မရှင်းမရှင်းသော စိတ်အာရုံတို့ဖြင့် ဘဝင်နှလုံး မသာမယာ မဖြစ်စေကြစေရန်နှင့် ၊ မိမိတို့ အလှူတော် အတွက် ဝမ်းမြောက်ကြည်သာစွာ သာဓုခေါ်ဆိုနိုင်ကြစေရန်အလို့ငှာ နိဗ္ဗာန်အကျိုးမျှော်၍ ကြိုတင် အသိပေး နှိုးဆော်လိုက်ရပါကြောင်း ။
ဗုဒ္ဓသာသနံ ၊ စိရံတိဋ္ဌတု ။

ဓမ္မဒူတ(ကိုရီးယား)
၂၀၁၁ ခုနှစ်နိုဝင်္ဘာလ ၂၂ ရက် ။

No comments: