Tuesday, November 22, 2011

ဓါတ်ပုံပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်

အင်ချွှန်း နိုင်ငံခြားသား အလုပ်သမား အထောက်အကူပြုရေး စင်တာမှ ကြီးမှူးပြီး ကျင်းပမည့် ဓါတ်ပုံပြိုင်ပွဲတွင် ကိုရီးယားရောက် မြန်မာနိုင်ငံသား မည်သူမဆို ဓါတ်ပုံ ရိုက်ကူးခြင်း ဝါသနာပါသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အသိပေး နိုးဆော်အပ်ပါသည်။

ဓါတ်ပုံပြိုင်ပွဲနှင့် ပတ်သက်၍ သိသင့်သည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁) ဝင်ရောက် ယှဉ်ပြိုင်လိုသည့် ဓါတ်ပုံများမှာ ကိုရီးယားနိုင်ငံအတွင်း နေထိုင်စဉ် ပျော်ရွှင် စိတ်ဝင်စားဖွယ် ကောင်းသည့် အရာများအား အမှတ်တရ ရိုက်ကူးထားသည့် ဓါတ်ပုံများ။

၂) ဝင်ရောက်ယှဉ်ပြိုင်ရမည့် ဓါတ်ပုံဆိုဒ် = ၈×၁ဝ

၃) ဓါတ်ပုံနောက်ကျောတွင် နာမည်အပြည့်အစုံ၊နိုင်ငံနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်တို့အား ရေးသားပေးရပါမည်။

၎) ၂ဝ၁၁-၁၁-၂၇ (တနင်္ဂနွေ)နေ့ ညနေ ၆နာရီအထိ နောက်ဆုံးထား ပေးပို့ပေးရပါမည်။

၅) ၂ဝ၁၁-၁၂-ဝ၄ (တနင်္ဂနွေ) နေ့တွင် ဆုရဓါတ်ပုံများအား ကြေငြာအသိပေးပြီး ဆုချီးမြှင့်မည် ဖြစ်ပါသည်။

၆) ဝင်ရောက်ယှဉ်ပြိုင်မည့် ဓါတ်ပုံများအနက်မှ ပထမ၊ဒုတိယ၊တတိယ ဆုများ ချီးမြှင့်မည် ဖြစ်ပါသည်။

၇) ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ဓါတ်ပုံများ ပေးပို့ရန်နှင့် အသေးစိတ် သိရှိလိုသူများအနေဖြင့် မြန်မာ စကားပြန်ဖြစ်သူ မသန့် ဝ၁ဝ-၅၅၉ဝ-၈၈၄၃ သို့ ဆက်သွယ် မေးမြန်း ပေးပို့နိုင်ပါသည်။

1 comment:

htunhtun said...

print ထုတ်ပြီးပေးရမာပေါ့