Tuesday, November 22, 2011

ဓမ္မဒူတ(ကိုရီးယား) နိဗဒ္ဓအလှူရှင်များစာရင်း ထုတ်ပြန်ကြေညာ ၊ ထပ်ဆင့် ကုသိုလ်ပွါးများနိုင်

ဓမ္မဒူတ (ကိုရီးယား) ယဉ်ကျေးမှုအသင်းအနေဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာများ အချိန်နှင့် အမျှ အစဉ်အမြဲ ကုသိုလ်ရရှိနေစေရေး အစီအစဉ်အဖြစ် နိဗဒ္ဓအလှူတော် အစီအစဉ်ကို စီမံဆောင်ရွက်ခဲ့ရာ ကိုရီးယားနိုင်ငံ တစ်ဝှမ်းမှ ပါရမီရှင်များ က ၊ မိမိတို့ သဒ္ဓါအားအလျောက် ပါဝင်လှူဒါန်းခဲ့ကြပါသည် ။
အဆိုပါ လှူဒါန်းမှုများအတွက် ဓမ္မဒူတ(ကိုရီးယား)က ကျေးဇူးတင်ရှိပြီး အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ၊ ပါရမီရှင်တို့၏ အလှူတော်ကို အများပြည်သူတို့ မုဒိတာပွါးပြီး ထပ်ဆင့်ကုသိုလ်တော်ယူနိုင်ကြစေရန်အလို့ငှာ ဓမ္မဒူတ(ကိုရီးယား) နိဗဒ္ဓအလှူရှင်များစာရင်း ကို ထုတ်ပြန်ကြေညာအပ်ပါသည် ။
ဓမ္မဒူတ(ကိုရီးယား) နိဗဒ္ဓအလှူရှင်များစာရင်း ကို ဤနေရာ (Click Here) တွင် ကြည့်ရှုပြီး မုဒိတာပွါး ကုသိုလ်တော်ယူနိုင်ကြပါကြောင်း နှင့် ကျန်ရှိနေသေးသော အလှူရှင်များစာရင်းကိုလည်း ဆက်လက် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ။
သူတော်ကောင်းဓါတ် တရားမြတ် လွမ်းပတ် ကမ္ဘာ တည်စေသော် ။

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။
ဓမ္မဒူတ(ကိုရီးယား)

No comments: