Saturday, November 19, 2011

လူဆိုးဂိုဏ်း ဆန်ဆန် လူသတ်မှု မြောက်ဥက္ကလာတွင် ဖြစ်ပွား

ရန်ကုန် ၊ နိုဝင်ဘာ ၁၈ ။
ဓားရှည်များ ကိုင်ဆောင်ထားသည့် မျက်နှာဖုံးစွပ်လူ ၁၅ ဦးခန့်က နိုဝင် ဘာလ ၁၇ ရက်နေ့ ည ၈ နာရီကျော် ကျော်တွင် စားသောက်ဆိုင်အတွင်း ထိုင်နေသော အမျိုးသားတစ်ဦးကို ဆိုင်အတွင်း ဝင်ရောက်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့သည့် နွယ်သာကီလမ်းအတွင်း မှ မျက်မြင်တွေ့ရှိသူများ နှင့် ဝေဘာဂီ ရဲတပ်ဖွဲ့စခန်းတို့ထံမှ သိရသည်။
ယင်းညက ဝေဘာဂီ (၁) ရပ်ကွက် ဘက်မှ မောင်းနှင်လာသော အဖြူရောင်ူငါ့အွှမကခု ယာဉ်တစ်စီး သည် (က)ရပ်ကွက် နွယ်သာကီ (၆) လမ်းထိပ် တွင် ရပ်တန့်ကာ အဆိုပါကားပေါ်မှ မျက်နှာဖုံး စွပ်ထားသည့် လူများဆင်းလာ ပြီး အသက် (၃ဝ) အရွယ် ဦးကျော်မင်း ထိုင်နေသော စားသောက်ဆိုင်အတွင်း ဝင်ရောက်၍ သတ်ဖြတ်ခဲ့ကြကြောင်း ၊ ဦးကျော်မင်းနှင့်အတူ ထိုင်နေသူ မိတ်ဆွေ များနှင့် ယင်းလမ်းထိပ်ရှိ လက်ဖက်ရည် ဆိုင်မှ မျက်မြင်များက ပြောဆိုကြသည်။
''အဖြစ်အပျက်က မြန်လွန်းတယ် ။ နှစ်မိနစ် သုံးမိနစ်လောက်အတွင်းပဲ'' ဟု သေဆုံးသူ ဦးကျော်မင်းနှင့်အတူ ထိုင်နေသူ အသက် ၃ဝ အရွယ် အမျိုးသားတစ်ဦးကဆိုသည် ။
ဓားရှည်ကိုင် မျက်နှာဖုံးစွပ်ထား သူများသည် ချက်ချင်းပင် ကားပေါ်သို့ ပြေးတက် မောင်းနှင်ထွက်ပြေးသွားကြ ကြောင်း၊ ယာဉ်နံပါတ်ပြားကို စတစ်ကာ ဖြင့် ဖုံးအပ်ထားသဖြင့် ကားနံပါတ် မမှတ်မိလိုက်ကြောင်း အဆိုပါ ကားရပ် ထားရာအနီးရှိ လမ်းထိပ်လက်ဖက်ရည် ဆိုင်တွင် ထိုင်နေသူများက ရှင်းပြသည်။
''တစ်ကိုယ်လုံး ရစရာမရှိဘူး။ သွေးတွေလည်း အိုင်နေတာပဲ။ ဆေးရုံ ကိုချက်ချင်းပို့ပေမယ့် အရေးပေါ် ရောက်တော့ ဆုံးသွားတယ်'' ဟု အနီးရှိ တက္ကစီကားဖြင့် ဆေးရုံလိုက်ပါပို့ဆောင် ပေးခဲ့သူ ဦးကျော်မင်း၏ မိတ်ဆွေက ဆိုသည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ The Voice Weekly က ဝေဘာဂီရဲတပ်ဖွဲ့ စခန်းသို့ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၄ဝ ခန့်တွင် ဆက်သွယ်စုံစမ်းရာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ''ညတွင်းချင်းပဲ အမှုဖွင့်ထား ပါတယ် ။ စခန်းမှူးလည်း ရင်ခွဲရုံမှာပဲ ရှိတယ်'' ဟု ပြန်လည်ဖြေကြားသည် ။
Ref:
- The Voice Weekly (7/49)

No comments: