Friday, December 2, 2011

ဂင်(မ်)ဟယ်မြို့ မဇ္ဈိမယာနရုံးခန်း ရွှေအလင်းတန်း စာကြည့်တိုက်တွင် ဖွင့်လှစ်သော ကိုရီးယားဘာသာ အရေး အဖတ် အပြော သင်တန်းအစီအစဉ်

ရေးသားသူ — မဇ္ဈိမယာနရုံး

ကိုရီးယား ဘာသာ အရေး အဖတ် အပြော သင်တန်းအား ရွှေအလင်းတန်း စာကြည့်တိုက်တွင် ၂ဝ၁၁ခုနှစ် စက်တင်ဘာ ၁၆ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားခဲ့ပါသည်။ ယခုအခါ သင်တန်းသို့ တက်ရောက် သင်ကြားသူများ ပိုမို ထိရောက်ရန် အတွက် ဘူဆန်း နိုင်ငံခြားသား ကူညီစောက်ရှောက်ရေးအဖွဲ့  (이주민과 함께) နှင့် ပူးပေါင်း ဆောင်ရွက်လျှက်ရှိပါသည်။ ထိုသင်တန်းတွင်Level 1,2 ကိုအပတ်စဉ် တနင်္ဂနွေ နေ့တိုင်းတွင် ၃လအထိ သင်ကြား ပို့ချပေးမည်ဖြစ်ပါသည်။Level 2 အောင်သူများ Level 3 ကိုဆက်လက် ပို့ချသွားပါမည်။Level 3 အောင်သူများကို ကိုရီးယားနိုင်ငံတွင် တနှစ် ၂ကြိမ်ကျင်းပသော ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (TOPIK) အား ဝင်ရောက် ဖြေနိုင်သည်အထိ ကူညီ ဆောင်ရွက်သွားပါမည်။ ယခုလက်ရှိ သင်တန်းသားများ အပြင် အသစ် တက်ရောက်လိုသူများအား ၂ဝ၁၁ခုနှစ် ဒီဇင်ဘာ ၄ နေ့ထိ နောက်ဆုံးထားပြီး သင်တန်းသားများ လက်ခံသွားပါမည်။ သင်တန်းအား မပျက်မကွက် တက်ရောက်သူများနှင့် စာမေးပွဲဖြေဆို အောင်မြင်သူများကို သင်တန်းဆင်း လက်မှတ် ပေးသွားမည် ဖြစ်ပါသည်။ ထို့ပြင် ကိုရီးယား ဥပဒေ သင်တန်းများကိုလည်း ကိုရီးယား စကားပြောသင်တန်း အပြီးတွင် တလလျှင် ၂ကြိမ် ပို့ ချသွားပါမည်။

နေရာ။ ။경상남도 김해시 서상동 83-2 뭐볼래만화방

ဆက်သွယ်ရန်။ ။ကိုဇော်ဝင်းထွန်း 010 6605 4693
ကိုသက်ခိုင်ထူး 010 2712 0877
ကိုလှထွန်း 010 2537 3490
ကိုမင်းလတ် 010. 2990 3070

မဇ္ဈိမယာနရုံး လှုပ်ရှားမှု ဓါတ်ပုံများ

No comments: