ရန်ကုန်၊ ဇန်နဝါရီ ၂၅
နိုင်ငံခြားဝင်ငွေရရှိပြီး နိုင်ငံတော်သို့ ဝန်ငွေခွန်ဆောင်သင်္ဘောများကို ကားတင်သွင်းခွင့်လျှောက်ထားခွင့်ပြု
ခဲ့ရာ ဇန်နဝါရီလ ၂၅ရက်နေ့အထိ ကားတင်သွင်းခွင့်လျှောက်ထားသူ နှစ်ထောင့်လေးရာကျော်ရှိပြီဖြစ်ပြီး ပို့ဆောင်ရေး
ဝန်ကြီးဌာနကစိစစ်၍ မြန်မာသင်္ဘောသားသုံးရာကျော် ကားတင်သွင်းခွင့်ထပ်မံခွင့်ပြုလိုက်ရာ ကားတင်သွင်းခွင့်ရရှိသူ
စုစုပေါင်းတစ်ထောင်နီးပါးရှိပြီဖြစ်ကြောင်းရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
''အခုကားသွင်းခွင့်ကျလာတဲ့ သင်္ဘောသားသုံးရာကျော်ရဲ့ ဘဏ်စာရင်းမှာ တစ်သောင်းနဲ့ တစ်သောင်းအထက်
သင်္ဘောသားက အများဆုံးပါတယ်။ သုံးရာမှာ သုံးဆယ်လောက်က နှစ်သောင်းနဲ့ နှစ်သောင်းအထက်မှာ ရှိတဲ့သူတွေပါ
တယ်'' ဟု ကားတင်သွင်းခွင့်ရရှိသည့် သင်္ဘောစာရင်းလာကြည့်သော ဝါရင့်သင်္ဘောသားတစ်ဦးကပြောကြားသည်။
သင်္ဘောသားကားတင်သွင်းခွင့်ပြုရာတွင် လူစီးကားများမှာ ၂ဝဝ၇ ခုနှစ်မော်ဒယ်လ်မှ ၂ဝ၁၂ခုနှစ်မော်ဒယ်လ်
အထိတင်သွင်းခွင့်ပြုထားကြောင်း၊ ယင်းမော်ဒယ်လ်များမှာ ဆိပ်ကမ်းအရောက်တန်ဖိုး CIF ဈေးနှုန်းများကြီးမြင့်သဖြင့်
ဘဏ်စာရင်း အမေရိကန်ဒေါ်လာတစ်သောင်းကျော်သာရှိသော သင်္ဘောသားများသည် ကားတင်သွင်းရန် အလွန်ခက်ခဲ
နေကြောင်း ကားတင်သွင်းခွင့်ရရှိထားသော သင်္ဘောသားများထံမှ သိရသည်။
''ပို့ဆောင်ရေးဌာနက ကားသွင်းခွင့်ပြုတာမှာ ကျွန်တော်တို့တစ်ဖွဲ့လုံးပါတယ်။ ဘဏ်စာရင်းမှာရှိတဲ့ဒေါ်လာ
တစ်သောင်းကျော်လောက်နဲ့ ကားသွင်းဖို့ ဘယ်လိုမှအဆင်မပြေဘူး။ အဲဒါကြောင့် စီးပွား/ကူးသန်းမှာ သွားမလျှောက်
ဘဲနဲ့ စောင့်ကြည့်နေကြတယ်။ ဘာတွေ ပြောင်းလာမလဲလို့ပါ'' ဟု ဝါရင့်သင်္ဘော သားတစ်ဦးကဆိုသည်။
ကားတင်သွင်းခွင့်လျှောက်ထား သည့် သင်္ဘောသားများကို ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် ကားတင်
သွင်းခွင့်သုံးရာနီးပါး ပထမအကြိမ်ခွင့် ပြုထားပြီဖြစ်ပြီး ဇန်နဝါရီလ ၁၅ ရက်နေ့က သင်္ဘောသားလေးရာကျော်
ထပ်မံခွင့်ပြုခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၃ ရက်နေ့က သင်္ဘောသား သုံးရာကျော်ကို တတိယအကြိမ် ထပ်မံခွင့်ပြုခြင်းဖြစ်
ကြောင်း၊ ယခုကားတင်သွင်းခွင့်ပြုလိုက်သည့် သင်္ဘောသားများမှာ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်မှ ၁၆ ရက်နေ့
အထိလျှောက်ထားသူများဖြစ်ကာ စုစုပေါင်းသင်္ဘောသားကားတင်သွင်းခွင့်ရသူ တစ်ထောင်နီးပါးကားတင်သွင်းခွင့်
ရရှိထားပြီးဖြစ်ကြောင်း အဆိုပါဌာနထံမှသိရသည်။
ကားတင်သွင်းခွင့်လျှောက်လွှာတင်ထားလိုသည့် သင်္ဘောသားများသည် ဘဏ်ငွေစာရင်းတွင် ဝင်ငွေခွန် အမေရိကန်
ဒေါ်လာ ၁ဝ,ဝဝဝ မှ ၅ဝ,ဝဝဝနှင့် အထက်ရှိသူများကိုလျှောက်ထားခွင့်ပြုပြီး ကားတင်သွင်းခွင့်ပြုပြီး ကားတင်သွင်းရာ
တွင် ရန်ကုန်ဆိပ်ကမ်းအရောက် အမေရိကန်ဒေါ်လာ ၅,ဝဝဝ မှ ၂၅,ဝဝဝ အထိတင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင်တရားဝင်ထုတ်ပြန်ထားသည်။
''ကားကိုယ်တိုင်မသွင်းနိုင်လို့ သင်္ဘောသားကားပါမစ်တွေကို ရောင်းစားမယ်ဆိုရင်လည်း ပေါက်ဈေးက သိန်း
၃ဝ လောက်ပဲရတယ်။ အဲဒါကို အမြတ်ခွန်ဆောင်လိုက်ရင် ဘာမှကျန်မှာမဟုတ်ဘူး'' ဟု အနှစ် ၂ဝ ကျော်သင်္ဘောသား
အဖြစ် လုပ်ကိုင်ဖူးသော သင်္ဘောသားတစ်ဦးကပြောကြားသည်။
ပို့ဆောင်ရေးဝန်ကြီးဌာနက ကားတင်သွင်းခွင့်ပြုလိုက်သော သင်္ဘောသားများသည် စီးပွားရေးနှင့်ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ထပ်မံလျှောက်ထားရမည်ဖြစ်ကြောင်း၊ သင်္ဘောသားသုံးထောင် ကားတင်သွင်းခွင့်ပြုပြီး
ပါက ယာယီရပ်နားမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ စုံစမ်းသိရသည်။
Sources:
- The Voice Weekly (8/7)
Saturday, January 28, 2012
မြန်မာသင်္ဘောသားတစ်ထောင် ကားသွင်းခွင့်ရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment