ရေးသားသူ — သန္တိကရဝိဟာရ
သန္တိကရဝိဟာရ ကျောင်းတော်သစ်ဖွင့်ပွဲ အလှူတော်မင်္ဂလာအခမ်းနား ဖိတ်ကြားလွှာ
အာဝါသဒါနသ္မိံ ဒိန္နေ သဗ္ဗဒါနံ ဒိန္နမေဝ ဟောတိ
ကျောင်းအလှူကို ပေးလှူခြင်းသည် အရာအားလုံးကို ပေးလှူသည် မည်၏။
မြတ်ဗုဒ္ဓ၏ အဆုံးအမများ တည်တံ့ပြန့်ပွားရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ မပျောက်ပျက်အောင် ထိန်းသိမ်းရေး စသည့် ရည်ရွယ်ချက်တို့ဖြင့် အန်ဆန်းမြို့ရှိ ရွှေမြန်မာများ ဦးဆောင်ကာ တည်ထောင်လိုက်သော ကျောင်းတော်ကြီး ပြီးစီးသွားပြီ ဖြစ်၍ ကျောင်းဖွင့်ပွဲ ကျောင်းတင်လှူပွဲ အခမ်းနားကို ဘုရားအမှူးရှိသော သံဃာတော်တို့အား ဆွမ်းအစရှိသော လှူဒါန်းဖွယ်ရာအစုစု လှူဒါန်းကာ၊ ဧည့်ပရိသတ်အပေါင်းအား ဒံပေါက်ထမင်းဖြင့် ဧည့်ခံကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် ကိုရီးယားရောက် ရွှေမြန်မာများ အားလုံး ကြွရောက်ချီးမြှောက် ကုသိုလ်ပြု သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
အခမ်းအနားအစီစဉ်
- နံနက်ခင်းပိုင်း- မုန့်ဟင်းခါး
- နေ့လယ်ခင်းပိုင်း- ဒံပေါက်ထမင်း
- နေ့လယ် ၁ နာရီ - တရားတော်နာ ရေစက်ချ အမျှပေးဝေ
- နေရာ- အန်ဆန်းမြို့၊ သန္တိကရဝိဟာရ ကျောင်းတော်
ကျောင်းလမ်းညွန်--
경기도 안산시 단원구 원곡동 775-12번지 401호(4th Fl)
အန်ဆန်းဘူတာမှ 99၊ 52 ၊55 ၊23 ၊ 30-2 ၊ 909 နံပါတ် ကားစီး၍ 군자시장(원곡초등학교) မှတ်တိုင်၌ဆင်းရန်။ 737 ကားစီးလျင် 주택사거리 မှတ်တိုင်တွင် ဆင်းပြီး ညာဘက်ချိုး၍ တည့်တည့်လျှောက်ပါ။
ဆက်သွယ်ရန်- ၀၁၀-၅၁၈၄-၃၅၇၈ ။ ၀၁၀-၆၅၁၁-၂၉၈၆ ။ ၀၁၀-၅၁၀၂-၉၉၂၆ ။ ၀၇၀-၈၉၆၆-၅၁၈၄
အပြည့်အစုံကို www.santikaravihara.blogspot.com မှာ ကြည့်ပါရန်။
No comments:
Post a Comment