သက်ရှည် ဆင်းလှ ၊ချမ်းသာရ ဗလဥာဏ်ပညာ ၊
ဆွမ်းလှူအကျိုး ၊ဤ ၅မျိုး အဖိုးထိုက်လှစွာ...ဟူသော
တရားတော်နှင့်အညီ ဒါန အမှု၌ အထုံအလေ့ရှိသော
ဆွမ်းလှူအကျိုး ၊ဤ ၅မျိုး အဖိုးထိုက်လှစွာ...ဟူသော
တရားတော်နှင့်အညီ ဒါန အမှု၌ အထုံအလေ့ရှိသော
ကိုရီးယားနိုင်ရောက် KBJ ဆရာမများနှင့် တပည့်
သူငယ်ချင်း များဖြစ်ကြသောကျနော်/ကျမတို့သည်
ကိုယ်စွမ်းအား ဥာဏ်စွမ်းအား ဝိရီယအစွမ်းအားတို့ဖြင့်
ရရှိထားသော ငွေကြေးများဖြင့် မိဘဆရာသမားများ၏
ဂုဏ်ကျေးဇူးများကို အထူးအောက်မေ့ကာ ဓမ္မိယလဒ္ဓဖြစ်သော
မိမိတို့ချွေးနည်းစာထဲမှ ထုတ်နှတ်၍ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး
အဓွန့်စွာ တည်တံ့နိုင်စေရန် စိတ်ရည်သန်လျှက် (၁၂ .၂. ၂၀၁၂)
တနင်္ဂနွေနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်တွင်
ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား
မွန်မြတ်သော အရုဆွမ်း နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းပြီး
ကြွရောက်လာသော ဧည့်ပရိသတ်အပေါင်းတို့အားလည်း
အာဟာရဒါန ကုသိုလ်အဖြစ် လှူဒါန်းဧည့်ခံကျွေးမွေးကာ
ကုသိုလ်ကောင်းမှုအစုစုတို့၏ အဖို့ဘာဂကို ရေစက်ချနုမောဒနာတရားတော်များ
နာကြားမည်ဖြစ်ပါ၍ မိတ်ဆွေအပေါင်းသူတော်ကောင်းတို့အား
မေတ္တာရှေ့ထား၍ ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည် ။
KBJ ဆရာမများနှင့် တပည့် သူငယ်ချင်းများ
No comments:
Post a Comment