Thursday, March 22, 2012

ကိုရီးယားကင်ချီလက်တွေ့ပြုလုပ်နည်းသင်တန်းသားများသို့

ဆောအူးလ် ၊ မတ်လ ၂၂
ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများအတွက် ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်းချက်အရ မတ်လ ၂၅ ရက် ၊ တနင်္ဂနွေနေ့ တွင် ပြုလုပ်မည့် ကင်ချီသင်တန်းသား ညီအစ်ကိုများခင်ဗျား ၊ သင်တန်းချိန် နောက်မကျစေရေး ကြိုတင်အသိပေးအပ်ပါသည် ။


သင်တန်းနှင့် ပတ်သက်၍ -

- ရပ်ဝေးမှ သင်တန်သားများ ဓမ္မဒူတွင် ၊ တွဲဖက်ကျောင်းထိုင်ဆရာတော် ဦးကိတ္တိသာရ (032-521-5586) ထံ လျှောက်ကြားတည်းခိုနိုင်ပါသည် ။
- နံနက် ၈ နာရီတိတိတွင် ဓမ္မဒူတ(ကိုရီးယား)(ဘူဖြောင်းဘူတာ၊ ရဲစခန်းရှေ့)မှ ကြိုပို့ကား ထွက်ခွါပါမည် ။
- ကြိုပို့ကား ရပ်နား ၊ စောင့်ဆိုင်းချိန်မှာ အများဆုံး ၁၅ မိနစ်သာ ကြာမည်ဖြစ်ပါသဖြင့် ၊ မိမိကြောင့် သင်တန်းအချိန်ဇယား မထိခိုက်စေရေး နှင့် သင်တန်းအနှောက်အယှက်မဖြစ်စေရေး အလေးဂရုပြု စေလိုပါသည် ။
- ကြိုပို့ကား မမှီသဖြင့် မိမိအစီအစဉ်အစဉ်ဖြင့် လိုက်ပါလိုပါက ၊ အမှတ် ၇ မြေအောက်ရထားလိုင်း ချောလ်ဆန်ဘူတာရှေ့ (철산역앞) ၊ ရဲစခန်းမှတ်တိုင် (파출소) မှ တက်ကစီကားဖြင့် သွားရောက်နိုင်ပါသည် ။ လိပ်စာမှာ-
- Gwangmyeong-si (광명시), Soha-2-dong (소하2 동) , 341-2 (금강정사),Tel: 02-898-8200
- ဆက်သွယ်ရန် အခက်အခဲရှိပါက 010-2331-2457 မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည် ။

လေးစားမှုဖြင့် -

ဓမ္မဒူတ(ကိုရီးယား)
March 22, 2012

No comments: