Friday, April 27, 2012

ဂုဏ်ပြုမှတ်တမ်းတင်ခြင်း

ရေးသားသူ — သန္တိကရဝိဟာရ



ကိုရီးယားနိုင်ငံ၌ လာရောက်စီးပွါးရှာရင်း ကိုယ့်အမျိုးဘာသာ သာသနာကို စောင့်ရှောက်ဘို့ ကိုယ်ယဉ်ကျေးမှုကို ထိမ်းသိမ်းဘို့၊ မြတ်ဗုဒ္ဓ၏ တရားတော်များကို နာယူလေ့လာဘို့၊ ကိုရီးယားလူမျိုးများအား ဗုဒ္ဓအဆုံးအမများကို ဟောပြရင်း တတ်စွမ်းသမျှ ကိုယ့်မြန်မာများကို ကူညီစောင့်ရှောက်မှုပေးနိုင်စေရန် အလို့ငှာ ဖေဖေါ်ဝါရီလက အသစ်ဖွင့်လှစ်ပြီးစီးခဲ့သော အန်ဆန်းမြို့ သန္တိကရဝိဟာရကျောင်းတော်၌ ကိုးကွယ်ပူဇော်ထားကာ လာရောက်သူအပေါင်း ကြည်ညိုသဒ္ဓါပွါးများနိုင်ရန် ရည်စိတ်သန်လျက် စိတ္တသာမဂ္ဂီ (စိတ်တူညီမျှ ရွှေညီအစ်ကိုများ) အဖွဲ့ မှ မြန်မာနိုင်ငံမှ မှာယူပင့်ဆောင်လာသော ဗုဒ္ဓရုပ်ပွါးတော်အား ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာကို အောင်မြင်စွာပြီးဆုံးပါကြောင်း အားလုံးသာဓုခေါ်နိုင်စေရန် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ကြွရောက်ချီးမြှောက်ပေးသော မြန်မာဗုဒ္ဓသာသနာပြုကျောင်းဆရာတော်နှင့် ဧည့်ပရိတ်သတ်အပေါင်းအားလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း…..

စိတ္တသာမဂ္ဂီအဖွဲ့ ကိုယ်စား
သန္တိကရဝိဟာရကျောင်းအကျိုးဆောင်အဖွဲ့ 

No comments: