ယခုလာမည့် မေလ(၅)ရက် စနေနေ့ သည် ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်ပါသည်။
ထိုနေ့ ကို အကြောင်းပြု၍`ရိုးရာအစဉ်အလာကို တန်ဖိုးထားသောအားဖြင့် ၂၀၁၂၊၀၅၊၀၅ ရက် စနေနေ့ ည၌
မြန်မာ ဗုဒ္ဓသာသနာပြုကျောင်း(ကိုရီးယား)တွင် မြန်မာ ညီအကိုများ စုပေါင်း၍ ဘုရားဝတ်တက်၊ပဋ္ဌာန်းရွတ်၊
တရားထိုင်၊တရားနာ မေတ္တာပို့ အမျှဝေကာ ပူဇော်ကြမည် ဖြစ်ပါသည်။ဓမ္မမိတ်ဆွေများအားလုံး ကြွရောက်၍
ပူဇော်နိုင်ကြပါသည်။ကြွရောက်လာကြသော ပရိသတ်တို့ အား မွေးနေ့ ရှင် ကိုမျိုးသက်ထွန်းမှ ကောက်ညှင်း
ဆီထမင်းဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းပါမည်။
လောကဆိုတာ အမှောင်၊ဘုရားဆိုတာ အလင်း
အလင်းဘုရား ရင်ထဲထားက အမှားကင်းစွ
လပြည့်ည သို့  ၀င်းပထိန်လင်း
အသိရှင်း၏ ။
No comments:
Post a Comment