Sunday, June 10, 2012

ပညာဒါန ပါဝင်ကြရန် နှိုးဆော်ပါတယ်

ရေးသားသူ — ပန်းပျိုးလက်

ပန်းပျိုးလက် (စာကြည့်တိုက်နှင့် ပညာဒါန) ကိုယ်ပိုင်စာကြည့်တိုက်နေရာရရှိရေးအတွက် တထောင့်တနေရာမှ ပါဝင်ကြပါစို့။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်းတွင် ဒေသတွင်းပြည်သူများ၏ ပညာရေးနှင့် လူမှုအဆင့်အတန်းမြင့်မားစေရန် အတွက် စာကြည့်တိုက်နှင့် ပညာဒါနလုပ်ငန်းများကို လုပ်ကိုလျက်ရှိသော ပန်းပျိုးလက်သည် ၄နှစ်တာကာလအတွင်း ဒေသခံလူငယ်၊လူကြီးများ၏ ကြိုးစားအားထုတ်မှုကြောင့် ဒေသတွင်းပညာရေးနှင့် လူမှုဖွံ့ဖြိုးမှုလုပ်ငန်းများကို အောင်မြင်စွာ လုပ်ဆောင်လာခဲ့ပါသည်။

ယနေ့အချိန်တွင် လှိုင်သာယာမြို့တွင် အထက်တန်း(တက္ကသိုလ်ဝင်တန်း)အထိ အခမဲ့ပညာဒါနနှင့် စာကြည့်တိုက်လုပ်ငန်းကို လုပ်ဆောင်နေသော တခုတည်းသော နေရာလည်းဖြစ်သည်။

ကိုရီးယားရောက်မြန်မာနိုင်ငံသားများနှင့် ဒေသခံလူထုတို့ စုပေါင်းထောက်ပံ့မှုဖြင့် ရပ်ကွက်တွင်းအိမ်တလုံးကို ငှားရမ်းကာ အသုံးပြုရပ်တည်လာခဲ့သော်လည်း၊ ယခုအခါတွင်မူ မူလငှားရမ်းလုပ်ကိုင်နေသောနေရာ ဖယ်ပေးခဲ့ရပါသည်။ အခြားသောနေရာသို့ ပြောင်းရွှေ့ငှားရမ်းဖို့မှာလည်း၊ လက်ရှိဒေသတွင် နေထိုင်သူများနှင့် အသားကျနေခြင်း၊ အိမ်ငှားခများမှာလည်း ဈေးကြီးခြင်း၊ ရေရှည်ရပ်တည်ဖို့အတွက်လည်း ကိုယ်ပိုင်နေရာလေးတခု ရှိရန်လိုအပ်လာခြင်းတို့ ကြောင့် ၄င်းပတ်ဝန်းကျင်အနီး၌ပင် နေရာတခုကို ၀ယ်ယူဖို့ဖြစ်လာပါသည်။


“ အကျိုးအကြောင်း နှင့် အဆိုးအကောင်းတို့အလယ်မှ ဖောက်ထွက်၍သွားနိုင်သော ဥာဏ်ပညာ လူသားအချင်းချင်း စာနာနားလည်ပေးသော ချစ်ခြင်းတရားတည်း ဟူသော လက်တစုံဖြင့် ကလေးများ၏ အနာဂတ်ကို ပြုစုပျိုးထောင်အံ့”

အိမ်ခြံမြေဈေးများ တက်ကာ ၀ယ်ယူရမည့်တန်ဖိုးမှာ ၄င်းတို့စုပေါင်းရှာဖွေနိုင်သည်ထက် အဆမတန်များပြားလွန်းလှသော ကြောင့် ကိုရီးယားရောက် မြန်မာနိုင်ငံသားများထံသို့ အကူအညီတောင်းခံလာပါသဖြင့်၊ ပန်းပျိုးလက်(စာကြည့်တိုက်နှင့် ပညာဒါန)အား စိတ်ပါဝင်စားကူညီခဲ့သော ကျနော်တို့မှ ကမကထပြုကာ ကိုရီးယားရောက်မြန်မာနိုင်ငံသားထံတွင် နေရာတခုရရှိရေးအတွက် အလှူခံလျက်ရှိပါသည်။

မြေနေရာ၏ စုစုပေါင်း တန်ဖိုးမှာ ပေ ၂၀ x ပေ၆၀ မြေကွက် ပျဉ်ထောင်အိပ်တထပ်အပါအ၀င်ကို မြန်မာကျပ်ငွေ သိန်း ၃၀၀ဖြင့် ၀ယ်ယူရန်ဖြစ်ပြီး၊ လောလောဆယ် ၄င်းတို့ စုဆောင်းရှာဖွေထားသော ကျပ်ငွေ သိန်း ၅၀ကို စရံအဖြစ်ပေးချေပြီး ဖြစ်ပါသည်။ ဆက်လက်ပြီး ပေးချေရမည့်ငွေမှာ သိန်း ၂၅၀ကျပ်ဖြစ်ပါသည်။

ဇွန်လကုန်အထိ ပေးချေရန်ကတိပြုထားပြီး၊ အလှူရှင်များကိုရှာဖွေကာ၊ ၄င်းတို့ကိုယ်တိုင်လည်း ရံပုံငွေရရှိနိုင်မည့် နည်းလမ်းစုံကို အသုံးပြုကာ ငွေကြေးစုဆောင်း လျက်ရှိပါသည်။ ထို့ကြောင့် ကိုရီးယားရောက်မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှမများအနေဖြင့်လည်း ကိုယ့်ဒူးကိုယ်ချွန်စိတ်ဖြင့် လူမှုဖွံ့ ဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသော ပန်းပျိုးလက်၏ ရေရှည်ရပ်တည်နိုင်မှုအတွက် မိမိတို့အရေးကဲ့သို့ အင်တိုက်အားတိုက် ပါဝင်ကူညီ လှူဒါန်းကြပါရန် နှိုးဆော်လိုက်ရပါသည်။

လှူဒါန်းနိုင်သည့်နေရာ - မြန်မာဆိုင်များ နှင့် အောက်ပါပုဂ္ဂိုလ်များကို လှူဒါန်းနိုင်ပါသည်။

ကိုသူရ ၀၁၀ ၄၁၈၇ ၅၂၁၈
ကိုဝင်းနိုင် ၀၁၀ ၈၅၇၄ ၇၅၇၁
ကိုဝိုင်း ၀၁၀ ၂၃၃၁ ၂၄၅၇
ကိုလှထွန်း(ပူဆန်၊ကင်မဲ) ၀၁၀ ၂၅၃၇ ၃၄၉၀
ကိုမင်းလတ်(ပူဆန်၊ကင်မဲ) ၀၁၀ ၂၉၉၀ ၃၀၇၀
ကိုအောင်သူဝင်း ၀၁၀ ၂၄၇၆ ၂၉၇၉
ကိုညီညီနိုင် ၀၁၀ ၂၁၃၂ ၈၈၆၄
ကိုမျိုးသန့် ၀၁၀ ၇၆၈၈ ၁၃၉၉
ကိုမြင့်ကျော် ၀၁၀ ၈၃၅၆ ၃၁၃၁
ကိုထိုက် ၀၁၀ ၃၉၄၄ ၅၆၄၂
မပိုးပိုး ၀၁၀ ၉၀၅၈ ၇၄၇၅
မပုံ့ပုံ့ ၀၁၀ ၅၅၆၀ ၉၂၇၉
မသီတာ ၀၁၀ ၂၇၈၂ ၆၉၁၁
ကိုသန့်ဇော်ဝင်း(ဂွမ်းဂျူး) ၀၁၀ ၂၃၆၃ ၀၅၂၃
ကိုဇေယျာမောင် ၀၁၀ ၆၈၇၄ ၃၃၉၄
ကိုလှဖုန်း ၀၁၀ ၅၆၇၁ ၀၈၈၁
ကိုဇေမင်းအောင် ၀၁၀ ၈၉၀၃ ၆၆၉၃
ကိုဇေမင်း ၀၁၀ ၂၇၈၂ ၀၉၄၀

No comments: