Saturday, July 28, 2012

ပန်းချီ မောင်လွင်၊ တကိုယ်တော် ပန်းချီပြခန်း ပြသ


ပန်းချီ မောင်လွင်၏ လက်ရာ ပန်းချီကား တချို့
ကိုရီးယား နိုင်ငံတွင် နေထိုင်သူ မြန်မာနိုင်ငံသားများ အနက် ဝါသနာရှင် အဆင့်သာ ဖြစ်သော်လည်း လက်ရာမြောက် ပန်းချီကားများ ရေးဆွဲနေသူ ပန်းချီ မောင်လွင်မှ ဘူချွှန်းမြို့တွင် တကိုယ်တော် ပန်းချီ ပြခန်း ပြသနေကြောင်း သိရှိရပါသည်။ ပန်းချီ မောင်လွင်သည် ယခင်ကလည်း ကိုရီးယား ၊ မြန်မာ ပန်းချီဆရာ များနှင့်လည်း ပြပွဲများ ပြုလုပ်ခဲ့ပြီး ယခု အကြိမ်တွင်မူ တကိုယ်တော် လက်ရာ ပန်းချီကား များကို ပြသနေခြင်း ဖြစ်ပါသည်။ ကိုရီးယား နိုင်ငံတွင် မြန်မာနိုင်ငံသား တဦးအနေဖြင့် တကိုယ်တော် ပန်းချီပြခန်း ပြသခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပါသည်။ ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသား များကိုလည်း ပန်းချီကားများကို ကြည့်ရှု အပန်းဖြေနိုင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ် ထားတယ်လို့လည်း သိရပါတယ်။

ပန်းချီ ပြခန်း နေရာက         = ဘူချွှန်းဘူတာ မြောက်အောက် နံပါတ် ၈ထွက်ပေါက် နားမှာပါ။
 
ပြသမယ့် ရက်တွေက          = ဇူလိုင်လ ၂၇ရက်နေ့ ကနေ သြဂုတ်လ ၂ရက်နေ့ အထိပါတဲ့။

အချိန်ကတော့                  = မနက် ၁ဝနာရီကနေ ညနေ ၇နာရီအထိ

အသေးစိတ် သိချင်ရင်တော့ = ဝ၁ဝ-၆၃ဝ၈-၆၇၁၉ ကို ဆက်သွယ်လိုက်ပါ။

ပန်းချီပြခန်း ဖွင့်ပွဲ အမှတ်တရအဖြစ် ဇူလိုင်လ ၂၉ရက်နေ့ မနက် ၁ဝနာရီမှာ ကောက်ညှင်းပေါင်းနဲ့ ဧည့်ခံမှာတဲ့ဗျို့

No comments: