Monday, July 30, 2012

ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲ နှင့် ဆွမ်းကပ်အလှူဖိတ်ကြားခြင်း

ရေးသားသူ — သန္တိကရဝိဟာရ၊ အန်ဆန်း

ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲနှင့်ဆွမ်းကပ်အလှူတော်
ဝါတွင်းကာလ ရောက်ပြီဆိုမှဖြင့် မြန်မာတို့ ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံရှိသည့်အားလျှော်စွာ ဘု၇ားကျောင်းကန်သွားကာ သီလဆောက်တည် ကုသိုလ်ကုသိုလ်ပြု အမျှအတမ်းပေးဝေမှုကို ပြုဘို့ ရန် မမေ့လျော့ကြပေ။
မြတ်ဗုဒ္ဓ တရားဦးဓမ္မစကြာ ဟောကြားတော်မူခဲ့သည်မှာ ယခု ဝါဆိုလပြည့်နေ့ဆို နှစ်ပေါင်း၂၆၀၁ နှစ်ပြည့်မြှောက်လေပြီ။ ထိုအထိမ်းအမှတ်အဖြစ် မြတ်ဗုဒ္ဓကို ပူဇော်သောအားဖြင့် အန်ဆန်းမြို့ ရှိ သန္တိကရဗုဒ္ဓဝိဟာရ၌ ဒုတိယဝါဆိုလပြည့်ကျော် (၂)ရက် (၄-၈-၂၀၁၂) နေ့ ည (၈)နာရီအချိန်တွင် ရှေးဦးစွာ ဗုဒ္ဓရုပ်ပွါးတော်ကို ရောင်ခြည်တော်ဖွင့်ပြီး ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ပူဇော်မည်ဖြစ်ပါ၍ သဒ္ဓါ၊ ဆန္ဒထက်သန်သူတိုင်း ကြွရောက်ရွတ်ဖတ်ပူဇော် နာယူ ကြည်ညိုသဒ္ဓါပွါးများနိုင်ရန် ဖိတ်မန်အပ်ပါသည်။
(၅၊ ၈၊ ၂၀၁၂) တနင်္ဂနွေနေ့ တွင် ဝါဆိုဦးကုသိုလ်အဖြစ် အညာမြေသူငယ်ချင်းတစ်စု စုပေါင်းကာ သံဃာတော်အရှင်သူမြတ်တို့ အား နေ့ ဆွမ်းဆက်ကပ်ပြီး  ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း၍ အနုမောဒနာတရားတော်နာ၊ မေတ္တာပို့  အမျှအတမ်းပေးဝေမည်ဖြစ်ပါ၍ နွေအားလပ်၇က် အနားယူ လည်ပတ်ရင်း ပျော်ရွင်စွာ ဆုံတွေ့ နိုင်ကြ၇န် ဖိတ်ခေါ်အပ်ပါသည်။
ဧည့်သည်အပေါင်းအား မြန်မာထ္မင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးပါမည်။
နေရာ - သန္တိကရဝိဟာရကျောင်းတော် အန်ဆန်းမြို့
 နေ့၇က်နှင့် အချိန် - ၅၊ ၈၊ ၂၀၁၂ (မနက် ၁၀ နာရီ တရားနာ)
       ခင်မင်စွာဖြင့်
 အညာမြေသူငယ်ချင်းတစ်စု

No comments: