Saturday, July 14, 2012

ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရန် ဖိတ်ကြားခြင်း

ရေးသားသူ — အမည် ရခိုင်အသင်း
                                                  ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများကြောင့် ဒုက္ခရောက်ကြရသော တိုင်းရင်းသားများအား ကိုရီးယားရှိ လူမှုအဖွဲ့ အစည်းများ၊အလှူရှင်များသည်
မိသားစုစိတ်ဓာတ် အပြည့်ဖြင့် ထောက်ပံ့ကူညီခဲ့ကြသည်ကို ရခိုင်အသင်း(ကိုရီးယား)အနေဖြင့်
များစွာ ၀မ်းမြောက်ဂုဏ်ယူမိပါသည်။၂၀၁၂-၀၇-၁၅ ရက်(တနင်္ဂနွေ)နေ့ တွင် မြန်မာ ဗုဒ္ဓသာသနာပြုကျောင်း
(ဘူဖျောင်း)၌ ရခိုင်အရေးအတွက် ကူညီခဲ့ကြသော လူမှုအဖွဲ့ အစည်းများ၊အလှူရှင်များအား
ရခိုင်အသင်း (ကိုရီးယား)မှ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်မည် ဖြစ်ပါသဖြင့် မပျက်မကွက်
တက်ရောက်ပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

မှတ်ချက်။  ။ကြွရောက်လာမည့် ပုဂ္ဂိုလ်များအား ရခိုင် ထမင်းဟင်းလျာ များဖြင့် ဧည့်ခံပါမည်။
                             

No comments: