Friday, July 27, 2012

အာဇာနည်နေ့နှင့် ရခိုင်ဒေသ အလှူ

ကိုရီယားနိုင်ငံ gimhae မြို့ ရွေှ့အလင်းတန်းစာကြည့်တိုက်တွင် အာဇာနည်နေ့ အခမ်းအနား နှင့် ရခိုင်ဒေသအတွက် အလှူငွေ ပေးအပ်ခြင်း

ရေးသားသူ — မောင်သုသု(korea)




ကိုရီးယားနိုင်ငံ gimhae မြို့ ရွှေ့အလင်းတန်းစာကြည့်တိုက်တွင် (၆၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားကို ကိုရီယားရောက် ရွှေမြန်မာများဖြင့် ဇူလိုင်လ (၂၂) ရက်နေ့ တနင်္ဂနွေနေ့ နေ့လည် (၂)နာရီ က ကျင်းပခဲ့ပါသည်။

အာဇာနည်နေ့ အခမ်းအနားတွင် အခမ်းနားမှူးအဖြစ် ကိုဇော်မင်းက တာဝန်ယူခဲ့ပြီး အခမ်းအနားအစီအစဉ်(၁၂) ရပ်ဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတော်အလံကို အလေးပြုခြင်း ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်ဆောင်များကို အလေးပြုခြင်း ပြုလုပ်ခဲ့ပါသည်။

ထို့နောက် ကိုမင်းလတ်မှ အာဇာနည်နေ့ အကြောင်း ၊ ဦးလှထွန်းမှ အာဇာနည်နေ့ နှင့် လူငယ်များအကြောင်းပြောရာတွင် “ ယနေ့ခေတ်လူငယ်များသည် အာဇာနည်နေ့ကို မသိကြတော့ကြောင်း ၊ ဒါကြောင့် ကိုရီယားရောက်ရွှေမြန်မာတွေကို အာဇာနည်နေ့ကို မမေ့ကြစေဖို့အတွက် ကျင်းပတာဖြစ်ကြောင်း “ ၊ ဆရာကိုရဲသီဟ(ခ)ဆရာဂျီးန်ဆေားန် မှ အာဇာနည်နေ့ နှင့် ကိုရီးယားရောက် ရွှေမြန်မာများအကြောင်း ၊ ကိုဇော်မင်းမှ အာဇာနည်နေ့ နှင့် ဗိုလ်ချုပ်ရုပ်ပုံလွှာ ပြောကြားရာတွင် “ ကိုရီယားရောက် လူငယ်များအနေဖြင့် အာဇာနည်စိတ်ဓါတ် ၊ မျိုးချစ်စိတ် ၊ နိုင်ငံချစ်စိတ် ၊ အမျိုးဘာသာ သာသနာကိုကာကွယ်တဲ့စိတ်တွေကို ရင်ထဲမှာ ကိန်းအောင်းနေစေဖို့ ၊ နောက်ပြီး နိုင်ငံရပ်ခြားရောက်နေပေမဲ့
မြန်မာတွေရဲ့ အခက်အခဲတွေကို မိမိတို့တတ်နိုင်သလောက် ဖြေရှင်းကြဖို့ “ ပြောကြားပါသည်။

ထို့နောက် ကိုဇော်ဝင်းထွန်း ၊ ကိုလင်းလင်း ၊ ကိုသိုင်း တို့မှ အာဇာနည်နေ့ အမှတ်တရစကားများ ပြောကြားကြပါသည်။
အခမ်းအနားအပြီးတွင် ကိုရီးယားရောက်နေကြသော ရွှေမြန်မာများမှ ဒုက္ခရောက်နေသော ရခိုင်ဒေသအတွက် လှူဒါန်းထားသောငွေကို ရွှေအလင်းတန်း မြန်မာအသင်း မှ ကိုဇော်မင်းက မြန်မာပြည်သို့ သွားရောက်လှူဒါန်း
ပေးမည့် ကိုဇော်ဝင်းထွန်းထံသို့ ကိုရီးယားဝမ်ငွေ (၁၀) သိန်းကို ပေးအပ်လှူဒါန်းပါသည်။



ထို့နောက် ကိုမင်းလတ်မှ သြဂုတ်လဆန်းပိုင်းတွင် ထွက်ရှိလာတော့ မည့် စက်ရုံပြောင်းရွေ့သော အလုပ်သမားများ စက်ရုံရွေးချယ်ခွင့်မပြုရေး ၊ စက်ရုံပြောင်းရွေ့ခွင့်ခက်ခဲအောင် ပြုလုပ်ထားသော ဥပဒေကို ရှင်းပြပြီး တက်ရောက်လာသော ရွှေမြန်မာများမှ ထိုပြောင်းရွေ့ခွင့်ဥပဒေကို လက်မှတ်ထိုး ကန့်ကွက် ကြပါသည်။ ပြီးနောက် ကြက်ကြော်ဖြင့် တက်ရောက်လာသော ရွှေမြန်မာများကို ဧည့်ခံပြီး (၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအောင်မြင်စွာ
ပြီးဆုံးခဲ့ပါသည်။ —

No comments: