Thursday, December 6, 2012
ဆေးသမားလက်ခံသည့်ဆိုင်ရှင် ဒဏ်ငွေ ဝမ်သိန်း ၅၀ တပ်ရိုက်ခံရမည်
အင်ချောန်း ၊ ဒီဇင်္ဘာ ၎
တောင်ကိုရီးယားနိုင်ငံတွင် လာမည့် ဒီဇင်္ဘာလ ၈ ရက် ၊ စနေနေ့မှ အစပြု၍ ၊ သောက်သုံးသူများကို စွဲလန်း ယာဇ်မူးစေတတ်သော မူးယာဇ်ဆေးအသေးစား တစ်မျိုးဖြစ်သည့် တိုဘက်ကို (Tobacco) ခေါ် နီကိုတင်ဓါတ် (Nicotine) ပါရှိသည့် ဆေးလိပ် တစ်မျိုးမျိုးအား ကန့်သတ်နေရာတစ်ခုခုတွင် သုံးစွဲပါက သုံးစွဲသူများကို ဒဏ်ငွေတပ်ရိုက် အရေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာက ကြေညာထားပါသည် ။
ကန့်သတ်နေရာများမှာ အကျယ်အဝန်း ၁၅၀ စတုရန်းမီတာ (150 M*150 M) အထက်ရှိ စားသောက်ဆိုင်များ ၊ ကော်ဖီဆိုင် ၊ ကာရာအိုကေ နှင့် ဘီယာဆိုင် အစရှိသည့် အများဆိုင်ရာ နေရာများအားလုံးကို ကန့်သတ်နေရာ များအဖြစ် သတ်မှတ်လိုက်ပြီး ၊ အဆိုပါနေရာများတွင် ဆေးလိပ်သောက်ရှူပါက ဒဏ်ငွေ ဝမ် တစ်သိန်း တပ်ရိုက်ခံရမည်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည် ။
ထို့ပြင် အကြီးစားအဆောက်အဦများ ၊ ဈေး ၊ ကျောင်း ၊ အဝေးပြေး ယာဉ်ရပ်စခန်း စသည့် အများပြည်သူ ဆိုင်ရာနေရာများတွင်မူ ခမ်းမတွင်း၌သာမက ၊ ယာဉ်ရပ်ကွင်း (주차장) ၊ ကစားကွင်းစသည့် လေဟာပြင်နေရာများအားလုံးတို့အား ဆေးလိပ်မသောက်ရ ကန့်သတ်နေရာများ အဖြစ် သတ်မှတ်လိုက်ကြောင်းလည်း သိရသည် ။
ကန့်သတ်နေရာတွင် ပြစ်မှု (ဆေးလိပ်သောက်မှု) ကျူးလွန်ကြောင်းတွေ့ရှိရပါက သက်ဆိုင်ရာ ဆိုင်ပိုင်ရှင်အနေဖြင့် ပထမအကြိမ် ဆိုလျင် ဒဏ်ငွေ ဝမ် ၁၇ သိန်း ၊ ဒုတိယအကြိမ် ဝမ် ၃၃ သိန်း နှင့် တတိယအကြိမ် ကျူးလွန်ကြောင်း တွေ့ရှိရပါက ဒဏ်ငွေ ဝမ် သိန်း ၅၀ တပ်ရိုက်ခံရမည်ဖြစ်ကြောင်း သိရသည် ။
Sources:
- http://news.mt.co.kr/mtview.php?no=2012120409401902458&type=1&MLA
- http://www.newstomato.com/ReadNews.aspx?no=312707
Labels:
ကိုရီးယားသတင်း,
ယဉ်ကျေးမှု,
ဥပဒေနှင့်စည်းကမ်း,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment