ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ
ပူချွန်းမြို့၊ ကိုရီးယား
သတင်းထုတ်ပြန်ချက် ၁ (ခရီးစဉ်)
၁။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံသို့ ငါးရက်ကြာ လာရောက်မည့် ခရီးစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၂၀၁၃ ဇန်နဝါရီလ ၂၈၊ ၁၆း၃၀ နာရီ
- အမေရိကန်နိုင်ငံပိုင် ဟာဝိုင်ယီကျွန်းမှတဆင့် ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်သို့ ဆိုက်ရောက်လာမည်။
- ဆိုးလ်မြို့ ဂျိုဆောန်အနောက်ဟိုတယ် (Westin Chosun Hotel/조선호텔)တွင် ညအိပ် နားနေမည်။
ဇန်နဝါရီလ ၂၉၊ နေ့လယ်ပိုင်း
- ဖျောင်းချန်းအိုလံပစ် (평창스페셜올림픽)မှ ကျင်းပမည့် ညီလာခံသို့ တက်ရောက်ရန် ကင်ပိုလေဆိပ်မှ ဂန်ဝန်ဒိုပြည်နယ်၊ ဖျောင်းချန်းမြို့သို့ ထွက်ခွာမည်။
ဇန်နဝါရီလ ၃၀၊ ညနေပိုင်း
- ဖျောင်းချန်းမြို့မှ ကင်ပိုလေဆိပ်သို့ ပြန်လည် ဆိုက်ရောက်လာပြီး၊ ထိုမှတဆင့် ဂွမ်ဂျူးမြို့(광주)သို့ ဆက်လက် ထွက်ခွာမည်။
- ည ၁၉း၃၀ နာရီတွင် ဂွမ်ဂျူးလေဆိပ်သို့ ဆိုက်ရောက်မည်။
ဇန်နဝါရီလ ၃၁၊ ၀၉း၀၀ နာရီ
- ဂွမ်ဂျူးမြို့ရှိ ဒီမိုကရေစီတော်လှန်ရေး အထိမ်းအမှတ် သုသာန်သို့ သွားရောက်မည်။ ထို့နောက်
- ၂၀၀၄ ခုနှစ်က ဒေါ်စုကို ချီးမြှင့်ခဲ့သည့် “ဂွမ်ဂျူးလူ့အခွင့်အရေးဆု” ရရှိခြင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲသို့ တက်ရောက်၍ မိန့်ခွန်း ပြောကြားမည်။
- ၁၄း၁၅ နာရီတွင် ဂွမ်ဂျူးမြို့မှ ဆိုးလ်မြို့သို့ ပြန်လည် ထွက်ခွာမည်။
ဖေဖော်ဝါရီလ ၁၊ ၁၀း၀၀ နာရီ
- သမ္မတဟောင်း ကင်မ်ဒဲဂျုံး အထိမ်းအမှတ် စာကြည့်တိုက်ရှိ ခန်းမဆောင်တွင် ကိုရီးယားရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲ ကျင်းပမည်။
ဖေဖော်ဝါရီလ ၁၊ ၁၈း၃၀ နာရီ
- အင်ချွန်းလေဆိပ်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာမည်။
၂။ ယခု ဖော်ပြထားသော ခရီးစဉ်တို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံသားများ ကြိုဆို တွေ့ဆုံနိုင်မည့် အချိန်နှင့် နေရာ အသီးသီး ဖြစ်ပါသည်။ ကိုရီးယား အစိုးရ၊ အခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံမည့် အစီအစဉ်များ မပါဝင်ပါ။
၃။ မြန်မာနိုင်ငံသားများ ဒေါ်စုကို ကြိုဆိုရေးနှင့် တွေ့ဆုံပွဲ တက်ရောက်ရေးအတွက် လိုအပ်သော သတင်း အချက်အလက်များကို ဆက်လက် ထုတ်ပြန်သွားပါမည်။
၎။ ခရီးစဉ်နှင့် ပတ်သက်၍ စုံစမ်း မေးမြန်း ပူးပေါင်းဆောင်ရွက်နိုင်ရန် “ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ”၏ ဆပ်ကော်မတီ တာဝန်ခံများကို ဖော်ပြလိုက်ပါသည်။
- စီမံခန့်ခွဲရေး ဆပ်ကော်မတီ - ဦးနေထွန်းနိုင် 010-8962-3414, naing8888@yahoo.com
- ဘဏ္ဍာရေး ဆပ်ကော်မတီ - ဦးအောင်မြင့်ဆွေ 010-8993-3194, aungnld@yahoo.com
- ပြန်ကြားရေး ဆပ်ကော်မတီ - ဦးဝင်းပေါ်မောင် 010-4034-5712, paw369maung@gmail.com
- လုံခြုံရေး ဆပ်ကော်မတီ - ဦးကျော်ကျော်ဦး 010-5434-6943, ohho32@ yahoo.com
- ကြိုဆိုရေး ဆပ်ကော်မတီ - ဦးဆန်းကိုကို 010-4860-3581, kaekaesan@gmail.com
- ပြင်ဆင်ရေး ဆပ်ကော်မတီ - ဦးသန့်ဇင်အောင် 010-9054-4727, thettun2009@gmail.com
- မှတ်တမ်းတင်ရေး ဆပ်ကော်မတီ
- ဗွီဒီယိုမှတ်တမ်း - ဦးဝင်းလှိုင်(နန်းရှေ့) 010-7999-2208, koluchit@gmail.com
- ဓာတ်ပုံမှတ်တမ်း - ဦးမင်းဟန် 010-4255-3870, birdgyi1@gmail.com
ရက်စွဲ။ ၂၀၁၃ ဇန်န၀ါရီလ ၁၂၊ စနေနေ့
ကော်မတီ အီးမေးလ် - dassk.koreatrip@gmail.com
ကော်မတီ ဖေ့စ်ဘွတ် - http://www.facebook.com/pages/
Sunday, January 13, 2013
ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယား ခရီးစဉ် အချိန်ဇယား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment