Thursday, January 24, 2013

ဒေါ်စုနှင့် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲ အစီအစဉ်


ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ
ပူချွန်းမြို့၊ ကိုရီးယား

၁။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံသို့ ဇန်န၀ါရီ ၂၈ မှ ဖေဖော်ဝါရီ ၁ ရက်နေ့ အထိ ငါးရက်ကြာ လာရောက်မည့် ခရီးစဉ်တွင် ကိုရီးယားရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

၂။ နေ့ရက် = ၂၀၁၃ ဖေဖော်ဝါရီ ၁ (သောကြာနေ့)
အချိန် = နံနက် ၉း၀၀ နာရီ တိတိ
နေရာ = ဆိုးလ်မြို့၊ မာဖိုဂူ၊ သမ္မတဟောင်း ကင်မ်ဒဲဂျုံး စာကြည့်တိုက်နှင့် ပြတိုက် အဆောက်အဦ



၃။ ရထားလိုင်း အမှတ် ၂ (အစိမ်းလိုင်း)၊ ဟုံးဒဲအိဂုဘူတာ၊ ထွက်ပေါက် သို့မဟုတ်
ရှင်းချွန်းဘူတာ၊ ထွက်ပေါက် တို့မှ ၁၀ မိနစ်ခန့် လမ်းလျှောက်ပါ။
지하철 2호선 홍대입구역 5, 6번 출국, 신촌역 8번출구에서 10분거리

၎။ အခမ်းအနား ကျင်းပမည့် ခန်းမကို နံနက် ၉း၀၀ နာရီတိတိတွင် ပိတ်မည် ဖြစ်ပါ၍ အချိန်မီ ဆောလျင်စွာ လာရောက်ဖို့ တိုက်တွန်းပါသည်။

၅။ လက်ဆောင်ပစ္စည်း ပေးမည့်သူများ နံနက် ၈း၃၀ အရောက် လာရောက်ကြဖို့ တိုက်တွန်းပါသည်။

၆။ ဒေါ်စုနှင့် တွေ့ဆုံပွဲ အောင်မြင် ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေးအတွက် ကိုရီးယားရောက် မြန်မာနိုင်ငံသား အားလုံး တက်တက်ကြွကြွ ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ကြရန်၊ ကော်မတီ၏ စီစဉ်ဆောင်ရွက်မှုကို လေးစားကြရန်နှင့် လုံခြုံရေးအရ စည်းကမ်းတင်းကျပ်မှုကို နားလည်စွာ လိုက်နာကြရန် မေတ္တာရပ်ခံ တိုက်တွန်းပါသည်။

ရက်စွဲ။ ၂၀၁၃ ဇန်န၀ါရီလ ၂၃၊ ဗုဒ္ဓဟူးနေ့
ကော်မတီ အီးမေးလ် - dassk.koreatrip@gmail.com
http://www.facebook.com/pages/ဒေါ်အောင်ဆန်းစုကြည်-ကိုရီးယား-ခရီးစဉ်-ပူးပေါင်းဆောင်ရွက်မှု-ကော်မတီ/145538742264967

No comments: