Tuesday, January 8, 2013

ကိုရီးယားက မြို့ တစ်မြို့ 

အဆောက်အဦတွေက
မီးခြစ်ပုံးတွေလို ထောင်ထားပြီး
ဆက်ဆံရေး အင်မတန်ခေါင်းပါးတဲ့မြို့ 
ရွှေအချင်းချင်း နှိပ်ကွပ်တတ်တဲ့မြို့ 

... ရွှေအချင်းချင်း
ယုံမှားသံသယနဲ့  တည်ဆောက်ထားတဲ့မြို့ 
အလုပ်သမား ကျောင်းသား ခွဲခြားဆက်ဆံတတ်တဲ့မြို့ 
ဆိုဂျူးမသောက်တတ်ရင် လူရာမသွင်းတဲ့မြို့ 
ဘုန်းကြီးကျောင်းသွားပြီး ဘုရားပန်းကပ်ရင်တောင်
ဘုရားဖြစ်မယ့် အုတ်နီခဲလို့  လှောင်ပြောင်တတ်တဲ့မြို့ 

ငွေကို ကြက်လို ယက်ရှာရတဲ့မြို့ 
ဝင်ငွေက လိပ်လို နှေးပြီး
ထွက်ငွေက ယုန်လို အပြေးမြန်တဲ့မြို့ 
ခရမ်းချဉ်သီး ၃ လုံး ငါးထောင်ပေးဝယ်ရတဲ့မြို့ 
ရွှေ ရှိ ,မရှိ ကွမ်းတံထွေးကြည့်ရင် သိတဲ့မြို့ 
အချင်းချင်း မခင်ပေမဲ့
လွယ်အိတ်ကို အလွယ်တကူနှိုက်တတ်တဲ့မြို.
လူတွေနေပြီး လူတွေမရှိတဲ့မြို့ 
ဝမ်းနည်းဝမ်းသာကို ဖွင့်ပြလို့ မရတဲ့မြို့ 
ရိုးရိုးသားသားနေရင် မိတ်ဆွေရှားတဲ့မြို့ 

အညာသားလေသံနဲ့ ပြောလိုက်မယ်
ကိုယ်က မှန်နေရင်လည်း
ခေါင်းငုံ့ ထားရတဲ့မြို့ ကြီးပါဗျာ။

မောင်မောင် ( အိမ်လွမ်းသူ )
ကိုရီးယား
7.1.2013

2 comments:

Unknown said...

ဘယ်မြို့လဲ ခင်ဗျ။ ရွှေနဲ့ ကြေး လဲမှားတတ်တယ်နော်

ဇော်မြင့် said...

ပြန်လေ။