ဇန်နဝါရီ ၆ ၊ အင်ချောန်း ။
ကြက်တကောင်း ဆရာတော် အသျှင် ဇာဂရသည် မြန်မာဗုဒ္ဓသာသနာပြုကျောင်း (ကိုရီးယား)တွင် ခေတ္တ သီတင်းသုံးပြီး ဆိုးလ် (ဆောအုလ်) အန်ဆန် ဆေးရုံကြီးတွင် ဒီဇင်ဘာ ၂၅ ရက်က တက်ရောက်၍ ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် ကျောက်ကပ်အတွင်းရှိ ကျောက်ခဲများကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါသည်။
ကုန်ကျစရိတ်မှာ ဝမ် သိန်း ၁၀၀ ကျော် ဖြစ်သည်။
နောက်ထပ် ဇန်န၀ါရီ ၂ ရက်နေ့တွင် အန်ဆန်း ဆေးရုံကြီးသို့ ပြန်လည် တက်ရောက်ပြီး ဇန်န၀ါရီ ၃ ရက် ညနေ ၃ နာရီအချိန်တွင် ကျောက်ကပ်အတွင်းရှိ ကျောက်ခဲများကို အောင်မြင်စွာ ဆက်လက် ခွဲစိတ် ကုသနိုင်ခဲ့ပါသည်။ ဘယ်ဘက် ကျောက်ကပ်အတွင်းရှိ အဓိက ပိတ်ဆို့နေသည့် ကျောက်ခဲလုံးကြီးများကို အောင်မြင်စွာ ခွဲစိတ်ကုသပြီးသွားပြီ ဖြစ်ပါသည်။
ကျောက်ကပ် ဘယ် ၊ ညာ ၂ ဘက်စလုံးတွင် ကျန်ရှိသေးသည့် ကျောက်အကြွင်းအကျန်များကို လာမည့် ဇန်န၀ါရီလ ၇ ရက်၊ ၉ ရက်၊ ၁၁ ရက်နေ့များတွင် လေဆာဖြင့် ဆက်လက် ခွဲစိတ် ကုသမှု ခံယူရပါဦးမည်။
ဆက်လက်ပြုလုပ်မည့် ခွဲစိတ်မှုများ သည် ကျောက်ကပ်ထောင့် အသီးသီးတွင် ရှိနေသော ကျောက်ခဲလေးများကို လေဆာဖြင့် ဖြိုခွဲ ဖျက်ဆီးပစ်မည့် ခွဲစိတ်မှုဖြစ်ပါသည် ။
ဆရာတော် အသျှင် ဇာဂရသည် ယခု အန်ဆန်း ဆေးရုံကြီး ၁၁ထပ်ရှိ အခန်းအမှတ် ၃၃ တွင် ကျန်းမာစွာ ဆေးကုသခံယူ လျက်ရှိပါကြောင်း ဆရာတော်အနေနှင့်လည်း အခက်အခဲများစွာထဲက ကိုရီးယား မြန်မာနိုင်ငံသားများ ကိုရီးယားသားများ၏ လှူဒါန်းမှုကို အထူး ၀မ်းသာ ကျေးဇူးတင်လျက် ရှိနေပြီး မေတ္တာများ ပွားများလျက် ရှိပါကြောင်းသိရသည်။
ဆရာတော်၏ သတင်းမေးမြန်းလိုပါက ဦးဇော်မိုးအောင် ၀၁၀ ၈၈၉၄ ၄၇၇၀ သို့ ဖုန်းဆက် မေးမြန်းနိုင်ကြောင်း၊
ယမန်နေ့အထိ ရရှိပြီး အလှူငွေမှာ 63 သိန်း 2 ထောင် 13 ဝမ် (6,302,013) ဖြစ်ပြီး ၊ အလှူရှင်များစာရင်းကို(ဤနေရာ)တွင် ကြည့်ရှုနိုင်ကြောင်းသိရသည် ။
ထို့ပြင် အခြေအနေအရ အလှူငွေများကို ဆက်လက် လက်ခံသွားမည်ဖြစ်ကြောင်း နှင့် ၊ အောက်ပါအတိုင်း ဆက်လက်လှူဒါန်းနိုင်ကြောင်း သိရပါသည် -
ဦးသူရ 010-4187-5218
ဦးဇေမင်းအောင် 010-8903-6693
ဦးမောင်မောင်ဝိုင်း (teletalki) 010-2331-2457
ဦးအောင်ကိုမြင့် 010-6691-1975
ဘဏ်စာရင်း
210701 - 04 - 250957
ZAWMOEAUNG
KOOKMIN BANK
Sunday, January 6, 2013
ကြက်တကောင်း ဆရာတော် အသျှင် ဇာဂရ ကျောက်ကပ် အနာ ဒုတိယဆင့် အောင်မြင်စွာ ခွဲစိတ်ပြီးစီး ၊ အပြီးသတ် ၃ကြိမ် ဆက်လက်ခွဲစိတ်မည်
Labels:
ကျန်းမာရေး,
လူမှုရေး,
သာဓုအနုမောဒနာ,
အလှူ,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment