Sunday, January 20, 2013

မေးခွန်းများကို ကြိုတင် မေးထားပါ



ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ

ပူချွန်းမြို့၊ ကိုရီးယား

သတင်းထုတ်ပြန်ချက် ၆ (မေးမြန်းခြင်း)

၁။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဆိုးလ်မြို့ ကင်ဒဲဂျုံးစာကြည့်တိုက်၌ မြန်မာမိသားစုနှင့် တွေ့ဆုံပွဲ ကျင်းပမည် ဖြစ်ရာ၊ ဒေါ်စု ဟောပြောမှု အပြီးတွင် မေးခွန်း အမေးအဖြေကဏ္ဍ ပါဝင်မည် ဖြစ်ပါသည်။

၂။ ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းလိုသည့် မေးခွန်းများကို ကော်မတီသို့ ကြိုတင်ပေးပို့ ထားရမည် ဖြစ်သည်။

၃။ ကော်မတီက မေးခွန်းများကို စိစစ် စီစဉ်ပေးထားမည် ဖြစ်ပြီး၊ ရောက်လာသော မေးခွန်းများအနက်မှ ကျရာရွေးနှိုက်၍ ဒေါ်စုက ဖြေဆိုပေးမည် ဖြစ်သည်။

၎။ မေးခွန်းများကို ကော်မတီ အီးမေးလ်ဖြစ်သည့် dassk.koreatrip@gmail.com သို့ ဇန်န၀ါရီလ ၂၆ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရန် ဖြစ်သည်။

No comments: