ဓာတ်ပုံကို အင်တာနက်က ရယူ ဖော်ပြပါတယ်။
၂၀၁၃
ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်း ကိုရီးယား လွှတ်တော်အတွင်း အမှတ် ၃၊ အစည်းအဝေး
ခန်းမဆောင်တွင် အနိုင်ရပါတီနဲ့ အတိုက်အခံ ပါတီ လွှတ်တော်အမတ်များက မစ္စတာ ဂျောန်ဟုန်းဝါန်
( ၀န်ကြီးချုပ် အဖြစ် အရွေးခံသူ ) ကို မေးမြန်း
စစ်ဆေးနေပါတယ်။ ၀န်ကြီးချုပ် လောင်းလျာအား ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းအထိ စစ်ဆေး
မေးမြန်းမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ တိကျ ခိုင်မာသော စစ်ဆေး မေးမြန်းမှုများ
ပြီးဆုံးပါက မစ္စတာ ဂျောန်သည် ၁၈ ကြီမ်မြောက် သမတ ဘဂီနဟဲ (ဘာ့-က်ကွန့်ညဲ) လက်ထက်တွင် ၀န်ကြီးချုပ် တာဝန်
အဖြစ် နိုင်ငံတာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
သမတ
လောင်း မစ္စစ် ဘရဲ့ သမတ အိမ်ပြာတော်အတွင်း တာဝန် ထမ်းဆောင်ကြမည့် တာဝန်ရှိသူများကိုလည်း
ဆက်လက် ရွေးချယ် ခန့်အပ်နေပြီး ၀န်ကြီးဌာနအသီးသီးက ၀န်ကြီး လောင်းလျာများကိုလည်း လွှတ်တော်အတွင်းမှာ
ခေါ်ယူ စစ်ဆေး မေးမြန်းမှုများကို ပြုလုပ်နေကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း
လွှတ်တော်အတွင်း စစ်ဆေး မေးမြန်းမှုများ ပြီးဆုံးမှသာလျှင် ၀န်ကြီး တာဝန်များကို ထမ်းဆောင်ရမှာ
ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ငြီစွန်းသူများဟာ ၀န်ကြီး ရာထူးများကို ထမ်းဆောင်
ပိုင်ခွင့် ရှိကြမှာ မဟုတ်ပါဘူး။ သမတ ယီမြောင်ဘ အစိုးရ လက်ထက်က လုပ်ဆောင်ခဲ့ကြသော စာရွက်စာတမ်းများနဲ့
လုပ်ငန်းစဉ်များကို လွှဲပြောင်းရယူနေကြောင်း ကိုရီးယား သတင်းများရဲ့ ဖော်ပြချက်များကို
အကျဉ်းချုပ် ဘာသာပြန်ဆိုပါတယ်။
No comments:
Post a Comment