Wednesday, February 20, 2013

အာဇာနည်ကုန်းမှာ ကိုရီးယား ကျောက်တိုင် စိုက်ထူမည်



မြန်မာ အစိုးရက အာဇာနည်ကုန်းအတွင်း ကျဆုံးသွားကြသော ကိုရီးယားနိုင်ငံသားများ အတွက် အောက်မေ့ဘွယ် ကျောက်တိုင် စိုက်ထူဘို့ ကိုရီးယား အစိုးရနဲ့ သဘောတူညီ လုပ်ဆောင်သွားမယ်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာပါတယ်။
အောက်မေ့ဘွယ် ကျောက်တိုင် စိုက်ထူးရေးအတွက် တာဝန်ရှိသူ တချို့က ဖေဖော်ဝါရီ ၁၉ ရက်က မြန်မာနိုင်ငံသို့ သွားရောက် စစ်ဆေးပြီးနောက် အာဇာနည်ကုန်း အ၀င်ပေါက် အနီးတွင် ဆောက်လုပ်သွားမှာဖြစ်ကြောင်း၊ အသိအမှတ်လည်း ပြုထားပြီးဖြစ်ကြောင်း ကိုရီးယား စောဂျောန်အင် ( တောင်အာရှနှင့် ထိုင်းနိုင်ငံ ရေးရာဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန) က ပြောပါတယ်။
အဆိုပါ အောက်မေ့ဘွယ် ကျောက်တိုင်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၉ ရက် နှစ် ၃၀ ပြည့် အခမ်းအနားတွင် ဖွင့်လှစ်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရပါတယ်။ 

ရန်ကုန်မြို့ ဒုတိယ မြို့တော်ဝန် ဦးကျော်စိုးက အာဇာနည်ကုန်း အုတ်ဂူအမြင့်ထက် ထက် ၁၀ မီတာ အနိမ့် ကျောက်တိုင်ကို တည်ဆောက်ရန် တောင်းဆိုထားပြီး မြန်မာနိုင်ငံသား အရပ်သားများတောင် ၀င်ထွက်ခွင့် မရှိတဲ့ အာဇာနည်ကုန်းကို ကိုရီးယား ခရီးသွားများ ၀င်ရောက်နိုင်ရေးအတွက် ဆက်လက် ဆွေးနွေးသွားကြရမှာ ဖြစ်ကြောင်း ပြောပါတယ်။

ကိုရီးယား အစိုးရဘက်က အာဇာနည်ကုန်းအတွင်း သစ်ပင်များ ရှင်းလင်းခြင်း၊ အောက်မေ့ဘွယ် ကျောက်တိုင်ကို မီးမောင်း စလိုက်မီးများ ထိုးထားရေး၊ တလအတွင်း အပြီးတည်ဆောက်ရေးတို့အတွက် ဆုံးဖြတ်ထားကြောင်းနဲ့ မေလတွင် စတင်ရန် စီစဉ်ထားကြောင်း မစ္စတာ စောက ဆက်လက် ပြောဆိုပါတယ်။ 


၁၉၈၃ ခုနှစ် အောက်တိုဘာ ၉ ရက် မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ ၂၈ မီနစ် ( ကိုရီးယား စံတော်ချိန် နေ့လည် ၁၂ နာရီ ၅၈ မီနစ်) အချိန်လောက်က တောင်ကိုရီးယားနိုင်ငံ သမတ ချန်ဒူဝါန် (전두환 ဂျောန်ဒူဝါန်)က အရှေ့တောင်အာရှ ၅ နိုင်ငံ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် ၀င်ရောက်ခဲ့ပြီး အာဇာနည်ကုန်းတွင် အလေးပြုရန် စီစဉ်နေစဉ် မြောက်ကိုရီးယားက ထောင်ထားသော ချိန်ကိုက်ဗုံး ၂ဗုံးက ပေါက်ကွဲသွားပြီး ကိုရီးယား ဒု ၀န်ကြီးချုပ် အပါအ၀င် ၀န်ကြီးများ၊ လွှတ်တော်အမတ်များနဲ့ တာဝန်ရှိသူ ၁၇ ဦး ကျဆုံးပြီး မြန်မာဘက်ကလည်း ၄ ဦး ကျဆုံးသွားခဲ့ရပါတယ်။ ( အောက်တိုဘာ ၉ ရက်သည် ကိုရီးယားစာနေ့လည်းဖြစ်ပါတယ်။) ( အဆိုပါ အဖြစ်အပျက်ကို ဓာတ်ပုံများနဲ့တကွ ဖော်ပြပေးသွားပါ့မယ်)

ဂျိုဆောန် သတင်းစာ၊ သတင်းထောက် ယီဟာဝါန်၏ သတင်းကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်။ 

အာဇာနည်ဗိမာန်မှာ နိုင်ငံခြားအထိမ်းအမှတ်တခုခု မဆောက်သင့် - မောင်စွမ်းရည် ( မိုးမခ အင်တာနက် စာမျက်နှာက ကူးယူဖော်ပြပါတယ်။ )

http://moemaka.com/?p=31918&fb_action_ids=572497826093580&fb_action_types=og.likes&fb_source=aggregation&fb_aggregation_id=246965925417366

No comments: