Friday, February 22, 2013

အဓိပ္ပါယ်မဲ့ ဥပဒေတရပ် မပေါ်ပေါက်အောင် ၀ိုင်းဝန်း ကြိုးစားလိုက်ကြပါစို့

ရေးသားသူ — စိုးမိုးသူ

ကိုရီးယားမှာ အလုပ်သွားလုပ်သူတွေ စာချုပ်ဖောက်ဖျက်ပါက ကျပ်သိန်း၃၀ လျော်ရမည်တဲ့။
ဖြစ်မှ ဖြစ်ရလေဗျာ။ စာချုပ်ကို ဘာကြောင့် ဖောက်ဖျက်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ စိတ်မ၀င်စားဘူး နူတဲ့နေရာ မကုပဲ ၀ဲ ထပေါက်လိုတဲ့ မြန်မာပြည်က ပုဂ္ဂိုလ်များကြားအောင် 
လက်ရှိ အီးပီနဲ့ အလုပ်လုပ်နေတဲ့ ညီအကိုတွေ
အီးပီကနေ အထောက်အထားမဲ့အလုပ်သမားဖြစ်သွားသူ ညီအကိုတွေအနေနဲ့
တောက်ခေါက် ပြောချင်တာတွေ ရှိကြလိမ့်မယ်လို့ ထင်ပါတယ်။
ဒီ စာရဲ့ ကွန်မန့်ကတဆင့် ညီအကိုတို့ရဲ့ ရင်ဖွင့်သံကို တ၀ကြီး ရေးပေးစေလိုပါတယ်။
ပြီးရင်
ကာယကံရှင် ညီနောင်တို့ရဲ့ ရင်ဖွင့်သံတွေ ၊ ကျနော့်ရဲ့ အတွေ့အကြုံနဲ့
ဒီကိစ္စအပေါ်မှာ စိတ်ပါဝင်စားသူ နောင်တော်တွေရဲ့ အကြံပြုချက်တွေကို စုပေါင်းပြီး
အဓိပ္ပါယ်မဲ့ ဥပဒေတရပ် မပေါ်ပေါက်အောင် ၀ိုင်းဝန်း ကြိုးစားလိုက်ကြပါစို့။
ညီစေဗျာ ကိုရီးယားက ညီအကိုတွေ။


No comments: