Friday, February 22, 2013

ဂယောန်နမ်ပြည်နယ် မြန်မာနိုင်ငံတွင် ရင်းနှီးမှု ပြုလုပ်မည်



ဂယောန်နမ်ဒို(ပြည်နယ်) က မြန်မာနိုင်ငံ ဈေးကွက်သို့ ပို့ကုန် ပစ္စည်းများ တင်ပို့ရေးအတွက် လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၁ ရက်နေ့အထိ ဂယောင်န်နမ်ပြည်နယ်ရုံး နိုင်ငံခြားရေးရာ တာဝန်ရှိသူများက သွားရောက် လေ့လာကြမှာဖြစ်ပါတယ်။
အဆိုပါ အဖွဲ့က ရန်ကုန်မြို့တွင် ရုံးခန်း ဖွင့်လှစ်ရေး၊ စီးပွားရေး ပူးပေါင်း လုပ်ဆောင်ရေး တို့ကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဂယောန်နမ် ပြည်နယ်မှူး မစ္စတာ ဟုန်းဂျူ(န်) ဖြိုးက လာမယ့် အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ သွားရောက်ပြီး အစိုးရက တာဝန်ရှိသူများနဲ့ တွေ့ဆုံ ဆွေးနွေးသွားမှာဖြစ်ကြောင်း နေ့စဉ်ထုတ် ဂယောန်နမ် အိလ်ဘို သတင်းစာကို ကိုးကား ဖော်ပြပါတယ်။ 
ပြည်နယ်မှူး ဟုန်းဂျူ(န်)ဖြိုး၏ ကိုယ်ရေးအကျဉ်း


၁၉၅၄ ခုနှစ် ဒီဇင်ဘာ ၅ ရက် ဂယောန်နမ် ချာန်းညောန်တွင် မွေးဖွား
ဟာဘ်ချော် ဟာဂ်နမ် မူလတန်းအောင်မြင်။
ယောန်နမ် အလယ်တန်းနဲ့ အထက်တန်း အောင်မြင်။
၁၉၇၇ ခုနှစ် ဂိုလယော တက္ကသိုလ် ဥပဒေရေးရာ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဘာသာရပ်နဲ့ ဘွဲ့ရရှိ။
၁၉၈၂ ခုနှစ် ဆိုးလ် (ဆောအုလ်) စုံစမ်း စစ်ဆေးရေးဌာနတွင် ( ၂၄ ကြီမ်မြောက်) စုံစမ်း စစ်ဆေးရေးမှုးအဖြစ် တာဝန်ထမ်းဆောင်
၁၉၉၆ ခုနှစ် ၁၅ကြီမ်မြောက် လွှတ်တော်အမတ် အဖြစ် ရွေးချယ် ခံရပေမယ့် ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုဖြင့် လွှတ်တော်အမတ်အဖြစ် ရပ်စဲခြင်း ခံခဲ့ရ။
၂၀၀၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှ ၂၀၀၄ ခုနှစ် မေ ၂၉ ရက်အထိ  ၁၆ ကြီမ်မြောက် ဟန်နာလာဒန်း လွှတ်တော်အမတ်။
၂၀၀၄ ခုနှစ် မေ ၃၀ရက်မှ ၂၀၀၈ ခုနှစ် မေ ၂၉ ရက်အထိ  ၁၇ ကြီမ်မြောက် ဟန်နာလာဒါန်း လွှတ်တော်အမတ်။
၂၀၀၈ ခုနှစ် မေ ၃၀ရက်မှ ၂၀၁၂ ခုနှစ် မေ ၂၉ ရက်အထိ  ၁၈ ကြီမ်မြောက် ဟန်နာလာဒါန်း လွှတ်တော်အမတ်။
၂၀၁၁ ခုနှစ် ဇူလိုင် ၄ ရက်မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်အထိ ဟန်နာလာဒါန်း လွှတ်တော် အတွင်း ဥက္ကဌ။ ကိုရီးယားနိုင်ငံလုံးဆိုင်ရာ ထဲဂွာန်ဒို အဖွဲ့ချုပ် ဥက္ကဌ။
၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် ကြားဖြတ် ရွေးကောက်ပွဲတွင် ၃၅ ကြီမ်မြောက် ဂယောန်နမ်ပြည်နယ်မှူး အဖြစ် ရွေးချယ်ခံရပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၁၄ ခုနှစ် ဇွန် ၃၀ ရက်နေ့အထိ တာဝန် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

No comments: