Friday, February 22, 2013

ကိုရီးယား လေကြောင်း တက္ကသိုလ်က မြန်မာပြည်အတွင်း အိုင်တီ သင်တန်းကျောင်း ဖွင့်လှစ်



ကိုရီးယား လေကြောင်း တက္ကသိုလ် ဌာနမှူး ဘဂျူ(န်)စောက ဦးစီးပြီး မြန်မာနိုင်ငံ ရန်ကုန်နဲ့ မန္တလေးတို့မှာ (Myanmar-Korea IT Training Center)’ ကို တည်ထောင်ပြီး ၀န်ထမ်းများနဲ့ အရပ်သားအချို့ကို အိုင်တီ ပညာများ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၀ရက်က ဖွင့်လှစ် သင်ကြားပေးနေလျက် ရှိပါတယ်။
၂၀၁၁ ခုနှစ် မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေး စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ ပတ်ဝန်ကျင် ထိန်းသိမ်းရေးတို့ တိုးတက်မှုများ နှောက်နေးပြီး အိုင်တီ ပညာရပ်များကို အသုံးပြုနေကြပေမယ့် အတတ်ပညာ ပိုင်းဆိုင်ရာများ အားနည်းလျက်ရှိနေကြောင်း၊ ၁၉၉၈ ခုနှစ်မှစပြီး မြန်မာနိုင်ငံနဲ့ ရေစက် ဆုံခဲ့ပြီး ကျောင်းပိတ်ရက်များမှာ မြန်မာနိုင်ငံ တက္ကသိုလ်များသို့ သွားရောက်ပြီး ကွန်ပြူတာ ပညာရပ်များကို သင်ကြားပေလျက်ရှိခဲ့ရာ ၁၅ နှစ် ရှိနေပါပြီဖြစ်ကြောင်း၊ ကိုရီးယား တက္ကသိုလ် က ကျောင်းသား ကျောင်းသူများကလည်း မြန်မာနိုင်ငံအတွင်း အိုင်တီပညာရပ်များ တိုးတက်ရေးအတွက် အခမဲ့ ကူညီ ပေးနေကြောင်း၊ KOICA (Korea International Cooperation Agency) ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံအတွင်းမှာ သင်တန်းကျောင်း ၇၀ ကျော် တည်ထောင်သွားဖို့ ရည်မှန်းထားကြောင်း ကိုရီးယား တက္ကသိုလ် သတင်းစာ ယီဟယောင်းဟီ သတင်းထောက်ရဲ့ သတင်းကို ကိုးကားပါတယ်။

No comments: