Wednesday, February 27, 2013

ဆင်ဖြူတော်အဖွဲ့ မြန်မာပြည်သို့ သွားရောက်

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းက ကိုရီးယား ဂျိုဂယဲဂျူ(န်) ဆင်ဖြူတော် အဖွဲ့သား ၃၀ ဦးတို့သည် မြန်မာနိုင်ငံ အတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မိဘမဲ့ ကလေးကျောင်းကို ထောက်ပံ့ကူညီပေးခြင်း၊ မန္တလေးမြို့ မိဘမဲ့ ကလေးကျောင်းကို ကျောင်းသုံးပစ္စည်းများ ပေးအပ်ခြင်း၊ ပဲခူးမြို့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတော်သို့ သွားရောက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ပညာရေး ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျောင်းသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်ပြီး ကျောင်းအတွင်း သန့်ရှင်းရေးများကို လုပ်ဆောင်ပေးခြင်းများ ပြုလုပ်ပေးပြီး မတ် ၄ ရက် ညပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာလာပြီး ကိုရီးယား အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မတ် ၅ ရက် နံနက်ပိုင်းတွင် ပြန်လည် ရောက်ရှိလာ မည်ဖစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ အဖွဲ့ကို ပူချွန်းမြို့ ဆောဂ်ဂွာန်ဆာ ဆရာတော် ယောင်းဒမ် ဘုန်းတော်ကြီးက ဦးဆောင်သွားပါသည်။ ယောင်ဒမ် ဆရာတော်သည် ကိုရီးယားနိုင်ငံအတွင်း မြန်မာနိုင်ငံသားများကို အစွမ်းကုန် ကူညီ အားပေးနေပြီး ထိုင်း မြန်မာနယ်စပ်ရှိ စာသင်ကျောင်းများကို ကူညီ ထောက်ပံ့ပေးခြင်း၊ မြန်မာနိုင်ငံအတွင်းရှိ စာသင်ကျောင်းများကို ဆောက်လုပ်ပေးခြင်း ပညာရေး အထောက်အပံ့များ ကူညီပေးခြင်းများနဲ့ မြန်မာ့ အရေးကို အားတက်သရော ကူညီ လုပ်ဆောင်ပေးနေသော အလွန် လေးစားရသော ဆရာတော် တပါးဖြစ်ပါသည်။ ၂၀၀၂ ခုနှစ် ဇွန်လက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး (လက်ရှိ ဥက္ကဌ) ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့ အရေးများကို ဆွေးနွေးလာခဲ့ပါသည်။

No comments: