Friday, February 8, 2013

စိတ္တသုခကျောင်း နှစ်ပတ်လည် အလှူပွဲ ဖိတ်ကြားခြင်း

 ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၏ ကျောင်းတည်ထောင်ခြင်း (၄)နှစ်ပြည့် နှစ်ပတ်လည် အလှူပွဲနှင့် ကျောင်းတည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် နှစ်စဉ်လှူဒါန်းမြဲ ဖြစ်သည့် မြန်မာပြည်တွင်း ပရဟိတ အလှူ ပေးပို့လှူဒါန်းပွဲကို ဆောင်ဆော ရွှေညီအစ်ကိုများ၏ အာဟာရဒါန၊ စိတ္တသုခ အဖွဲ့သားများ၏ အထွေထွေ ဝေယျာဝစ္စဒါန၊ ကိုရီးယားရောက် မြန်မာညီအစ်ကိုများ၏ သဒ္ဓါထက်သန်စွာ လှူဒါန်းကြသည့် ဝတ္ထုကြေးငွေ လှူဒါန်းမှု အာမိသဒါန စသည်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြမည် ဖြစ်ပါသဖြင့် အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား လေးစားစွာ အသိပေးဖိတ်ကြား အပ်ပါသည်။

 နေ့ရက် = ၁၃၇၄ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁၃)ရက်၊ ၉-၂-၂၀၁၃၊ တနင်္ဂနွေနေ့ 
ဧည့်ခံချိန် = မနက် (၉)နာရီမှ နေ့လယ် (၁)နာရီအထိ
 နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့၊ 
အာဟာရဒါန အလှူရှင် = ဆောင်ဆောရွှေညီအစ်ကိုများ 
အရုဏ် = ကြေးအိုးဆီချက် ။ နေ့ဆွမ်း = အထူးစပါယ်ရှယ် အုန်းထမင်း 

မှတ်ချက်။  ကျောင်းတည်ထောင်ခြင်း အထိမ်းအမှတ် ပရဟိတ အလှူဒါနကို ကျောင်းသား၊ ကျောင်းသူ (၃၀၀)ကျော်ဖြင့် ခက်ခဲစွာရပ်တည်နေရသည့် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ ကော့ပလံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ စာသင်ဆောင် အလှူတွင် အားဖြည့်လှူဒါန်း သွားမည်ဖြစ်ပြီး လှူဒါန်းမှုကို စိတ္တသုခကျောင်းဆရာတော် မြန်မာပြည် ပြန်ကြွခိုက် ကိုယ်တိုင်ကြွရောက်ကာ ပံ့ပိုးလှူဒါန်းသွားရန် ရည်ရွယ်ထားပါသည်။

No comments: