Sunday, February 17, 2013

မီးလောင်ခံရသူအား ဆေးကုသစရိတ် လှူဒါန်း

၂၀၁၃ ခုနှစ် ဖေဖော်ရီ ၇ ရက်က ဂိုလယော တက္ကသိုလ် ဆေးရုံကြီးတွင် မြန်မာနိုင်ငံက လာရောက် ဆေးကုသနေသော ကိုစိုးမိုးနိုင် (၂၄နှစ်)အား ရုပ်ရှင် မင်းသမီး ဟန်ဟယဲဂျင် ( 한혜진 ) က ဆေးကုသစရိတ် သန်း ၃၀ ၀မ်ကို လှူဒါန်းခဲ့ပါတယ်။ ကိုစိုးမိုးနိုင်ဟာ မီးလောင်ကျွမ်းမှုဒဏ်ကို ၁၂နှစ်ကြာ ခံစားနေရပြီး မျက်စိလည်း မိတ်လို့မရ၊ အစားအစာများကိုလည်း လည်ချောင်းအတွင်းသို့ မျိုချနိုင်ခြင်း မရှိသောကြောင့် ခရစ်ယာန် ဆိုးလ် (ဆောအုလ်) ဒလင်းမ် ဘုရားရှိကျောင်းနဲ့ ဂိုလယော တက္ကသိုလ် ဆေးရုံကြီးသို့ ပူးပေါင်းပြီး ဆေးကုပေးတာဖြစ်ပြီး ဆေးကုသစရိတ်ဟာ သန်း ၁၀၀ (၀မ်)ကျော် ကုန်ကျကြောင်း သိရပါတယ်။ ကိုစိုးမိုးနိုင်ကို ၄ ကြီမ်တိတိ ခွဲစိတ်ကုသခဲ့ရကြောင်း ဆိုးလ် (ဆောအုလ်) အားကစား သတင်းစာ သတင်းထောက် ဘဂျင်အောဘ်ရဲ့ သတင်းကို ဆီလျော်အောင် ဘာသာပြန်ဆိုပါတယ်။ 

No comments: