Thursday, February 21, 2013

ကိုရီးယားနိုင်ငံ ဘူဆန် ရှိ (Busan Foreign Workers Support Centre) တွင် Nationwide Migrant Activists' Camp အတွက် အကြိုအစည်းအဝေးကျင်းပ


ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ၊ မိုလာဒုံ ရှိ BFC(Busan Foreign Workers Support Centre) တွင်  SOMIK (Solidarity with  Migrants) အစည်းအဝေး နှင့် Nationwide Migrant Activists' Camp ကိုရီယားနိုင်ငံလုံးဆိုင်ရာ နိုင်ငံခြားသားအသင်းအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်း တိုင်ပင်ပြင်ဆင်ရေးအစည်အဝေးကို ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့ တနင်္ဂနွေနေ့ ညနေ (၅)နာရီ ကကျင်းပခဲ့ပါသည်။ 



      အစည်းအဝေးသို့ ကိုရီးယားနိုင်ငံရှိအသင်းအဖွဲ့ များဖြစ်သော ၁ ။ 세믹 (부산경남 김해) ၂။ 신나는연대 ( 양산) ၃။ 성서노조 (대구) ၄။ 경복 이주노동자센터 (경복) ၅။ 경주이주노동자센터 (경주) ၆။ 이주노조, 인도네이시아 ICC , 인도네시아 노조, 캄보디아노동권협회, 네팔 NCC (서울 경기) ၇။ 천안모이세 , 충복 네팔공동체 (대전충청) များမှ ပုဂ္ဂိုလ်များ တက်ရောက်ကာ ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့တက်ရောက်ကြသော ရွှေ့ပြောင်း အလုပ်သမားနိုင်ငံများမှာ မြန်မာ ၊ နီပေါ ၊ ပါကစ္စတန် ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် ၊ ဘင်္ဂလာဒေ့ရှ် ၊ ဗီယက်နမ် ၊ သီရိလင်္ကာ နိုင်ငံများမှ တက်ရောက်ခဲ့ကြပါသည်။ 



ကိုရီးယားနိုင်ငံလုံးဆိုင်ရာ နိုင်ငံခြားသား အသင်းအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ဒေဂျုံ တွင် ကျင်းပမည်ဖြစ်ပါသည်။ ဆွေးနွေးပွဲကို မတ်လ (၁၆) ရက် နှင့် (၁၇)ရက် (၂)ရက်ကျင်းပမည်ဖြစ်ပြီး အသင်းအဖွဲ့များ၏ လုပ်ဆောင်ချက်အတွေ့ အကြုံများကိုဖလှယ်ကာ ဆွေးနွေးတင်ပြကြ မည်ဖြစ်ပါသည်။ ဘူဆန်အလုပ်သမား ကူညီပေးရေးရုံးမှ သွားရောက်မည့် အစီအစဉ်များ ၊ သီဆိုမည့်သီချင်းများ ၊ သွားရောက်မည့် လူအရေအတွက် နှင့် ကုန်ကျစရိတ်များကို တင်ပြကြပါသည်။ 


ထို့အပြင် BFC(Busan Foreign Workers Support Centre) တွင် ကိုရီးယားဘာသာစကားသင်တန်း ၊ အလုပ်သမားဥပဒေသင်တန်း ၊ ကွန်ပျူတာသင်တန်း ၊ စီးပွားရေးသင်တန်းများ နှင့် မြန်မာပြည်ပြန်ရောက်သည့် အခါ ကိုရီးယား ကုမ္ပဏီများတွင် အလုပ်လုပ်နိုင်အောင် ပြင်ဆင်ပေးမည့် သင်တန်းများပါ ဖွင့်လှစ်မည်ဖြစ်ပါသည်။ တက်ရောက်လိုသူများ အနေဖြင့် ကိုတိုးသူရ (BFC) 010-8916-7619   ၊ ကိုမင်းလတ် 010-7459-3070 ၊ ကိုဇော်မင်း 010-2349-2694 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။ ဘူဆန်နိုင်ငံခြားသားအကူအညီပေးရေးရုံးသည် ရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက်သော အလုပ်သမားရေးရာကိစ္စများကို ဆက်သွယ်ကူညီပေးနေ ပါသည်။ 

No comments: