မမိုးမိုးငြိမ်း၏ ကြီးမားသော လက်နှစ်ဘက်ကို ခွဲစိတ်ရန်အတွက် လိုအပ်သည်များကို CU Medicare ဥက္ကဌ မစ္စတာ ယိဆောန်ယုန်းက တာဝန်ခဲ့တာဖြစ်ပါသည်။ မမိုးမိုးငြိမ်းကို အစစအရာရာ ဆေးများ စစ်ဆေးပြီး လာမည့် မတ်၂၆ ရက် အင်္ဂါနေ့ နံနက်ပိုင်းတွင် ဂါန်နာမ်ရှိ Best Ann Hospital တွင် စတင် ခွဲစိတ်မှာဖြစ်ပါသည်။ မမိုးမိုးငြိမ်း၏ အကြောင်းကို လာမည့် ဧပြီလ ပထမအပတ်တွင် SBS ဆဲဆန်း ယိလောန် ယိလ်ကတွင် ပြသမည်ဖြစ်ကြောင်း မမိုးမိုးငြိမ်း အကြောင်းကို သွားရောက် ရိုက်ကူးလာသည့် သူက ပြောပါသည်။ မမိုးမိုးငြိမ်း၏ ကြီးမားသော လက်နှစ်ဘက်ကို အကြီမ်ကြီမ်ခွဲစိတ်ရမှာဖြစ်ပြီး ကုန်ကျစရိတ်မှာ ၁၅ ကုဋေ ၀မ် ကုန်ကျမည်ဖြစ်ပါသည်။ မမိုးမိုးငြိမ်းကို ကိုရီးယားနိုင်ငံရောက် ရွှေမျိုးအပေါင်းတို့က တတ်နိုင်သည့်ဘက်က ကူညီ အားပေးကြပါရန် မေတ္တာရပ်ခံ နိုးဆော်လိုက်ပါသည်။
ကိုရီးယားနိုင်ငံရောက် ရွှေမျိုးများ အားလုံး ဆေးရုံ တက် စရိတ်များ အခက်အခဲ ရှိပါကလည်း ကျနော့်ထံသို့ ဆက်သွယ် နိုင်ပါသည်။
လေးစားလျက်
ဇော်မိုးအောင် ဆက်သွယ်ရန်
လက်ကိုင်ဖုန်းအမှတ် ၀၁၀ ၈၈၉၄ ၄၇၇၀


No comments:
Post a Comment