Wednesday, April 10, 2013

အချိန်မရွေး ပစ်ဖောက်နိုင်တဲ့ မြောက် ဒုံးကျည်

 
၁၉၉၈ ခုနှစ်၊ ၂၀၀၆ ခုနှစ်၊ ၂၀၀၉ ခုနှစ်က ပစ်ဖောက်ခဲ့သော ဒုံးကျည်များရဲ့ အကွာအဝေးနဲ့ အဆက်များကတော့ ယခု တကြီမ် ပစ်ဖောက်မယ့် ဒုံးကျည်ရဲ့ ပစ်မှတ်များကို ခန့်မှန်း ရေးဆွဲထားတဲ့ ပုံ။ 
-----------------------------------------------------------------------------------
 မြောက်ကိုရီးယားက တာဝေးပစ် ဒုံးကျည်များကို အချိန်မရွေး ပစ်ခတ်နိုင်ကြောင်း တရက် မဟုတ် အချိန်ကြာမြင့်စွာပြီးမှလည်း ပစ်ဖောက်နိုင်သလို နံနက် အစောပိုင်း အရုဏ်ဦးမှာလည်း ပစ်ဖောက်နိုင်ကြောင်း ကိုရီးယား အစိုးရက ပြောပါတယ်။ မြောက်ကိုရီးယားက ဒုံးကျည်များ ရွှေ့ပြောင်းရာတွင် စစ်ကား ၁၀၀ ခန့်နဲ့ ရွှေ့ပြောင်းခဲ့ရပါတယ်။  
မြောက်ကိုရီးယားက ပစ်ခတ်မယ့် ဒုံကျည်ဟာ မြေပြင်ထက်စာရင် ပင်လယ်ပြင်ထဲသို့ ပစ်ဖောက်နိုင်စွမ်း များကြောင်း မြင်တွေ့နေရပါတယ်။ အရှေ့ဘက်သို့ ပစ်ဖောက်ပါက ဂျပန်နိုင်ငံ ဖူခါယိဒိုနဲ့ ဖုရှု အကြား၊ တောင်ဘက်သို့ ပစ်ဖောက်ပါက ဂျဲဂျူကျွန်းနဲ့ ဂျပန်အရှေ့ဘက် ကျိုရှု အကြား၊ အနောက်ဘက်သို့ ပစ်ဖောက်ပါက ဖီလစ်ပိုင်း အရှေ့ဘက် ပင်လယ်ပြင်သို့ ကျရောက်နိုင်ကြောင်း သိရပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်းမ်မီစောဂ်က မြောက်ကိုရီးယားက အရုဏ်ဦးအချိန်မှာလည်း ပစ်ခတ်နိုင်ကြောင်း ယခင်က အရုဏ်ဦးအချိန်မှာ ပစ်ခတ်ခဲ့ဘူးကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းတပ်က ၀ှီချီခုန် လေယာဉ်ဖြင့် မြောက်ကိုရီးယားဘက်က ဒုံးကျည် ပစ်ခတ်မှုကို အဆက်မပြတ် စောင့်ကြည့်နေကြောင်း ပြောပါတယ်။ ဒုံးကျည် တစ်ခုအပါအ၀င် လက်နက်ကြီး ၇ ခုကို ၂၀၀၆ ခုနှစ် ဇူလိုင် ၅ ရက် အရုဏ်ဦးမှာ ပစ်ခတ်ခဲ့ဘူးပါတယ်။ ဂဲဆောန် စက်မှုဇုံတွင် တောင်ကိုရီးယား ဒေသခံ ၂၉၂ ဦးသာ ကျန်ရှိနေပါတယ်။ ရေ၊ ဂက်စ်၊ လျှပ်စစ် မီးနဲ့ ဆန်တို့က ပြဿနာ မရှိပေမယ့် ဟင်းလျာတွေကတော့ ကုန်ခါနီးနေပါပြီ၊ ဒါပေမယ့် ကျနော်တို့ကို အတင်း အဓမ္မ နှင်မထုတ်ခြင်း ဆက်လက် စောင့်ရှောက် နေထိုင်နေဦးမှာလို့ ဂဲဆောန် စက်မှုဇုံတွင် ကျန်ရှိနေသူက ဖုန်းနဲ့ မေးမြန်းရာမှာ ဖြေဆိုခဲ့ပါတယ်။ တောင်ကိုရီးယား သတင်းများက ဖော်ပြထားတာများကို ဆီလျော်အောင် အတိုချုပ် ဘာသာပြန်ဆိုပါတယ်။

No comments: