Thursday, April 11, 2013

မြန်မာ၊ နီပေါ၊ သိရီလင်္ကာတို့၏ ပြခန်းဖွင့်ပွဲ

 
၂၀၁၃ ခုနှစ် ဧပြီ ၉ ရက် အင်္ဂါနေ့  နံနက် ၁၁ နာရီ ဂယောင်ဂီပြည်နယ် ဆောန်နာမ်မြို့ တောင်ကိုရီးယား အစိုးရဌာန KOICA က မြန်မာ၊ သိရီလင်္ကာ၊ နီပေါတို့၏ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုပြပွဲ ခန်းမ ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပရာသို့ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား)နှင့် ဓမ္မဒူတကျောင်းက ဦးပဉ္ဖင်းများ တက်ရောက်ကြပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဂျိုဂယဲဂျူန် သာသနာ အကျိုးတော်ဆောင်ချုပ်ရုံး ရုံးအုပ် ဆရာတော်နှင့် ဂျိုဂယဲဂျူန်က တာဝန်ရှိသူများ၊ နိုင်ငံခြားရေး ဒုဝန်ကြီး၊ မြန်မာသံအမတ်၊ သိရီလင်္ကာ သံအမတ်၊ နီပေါသံအမတ်၊ ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ KOICA ဥက္ကဌနှင့် တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဂုဏ်သရေရှိ လူကြီးများ တက်ရောက်ကြပါသည်။ ပြခန်းတွင် မြန်မာ့နိုင်ငံ၏ ရွှေတိဂုံစေတီတော်၊ မဟာမြတ်မုနီ ရုပ်ပွားတော်၊ ကျိုက်ထီးရိုးစေတီတော်တို့၏ ပုံတော်တူများနှင့် မြန်မာ့ ယဉ်ကျေးမှု အလှအပများ၊ နီပေါနှင့် သိရီလင်္ကာနိုင်ငံတို့၏ ကိုယ်စားပြု ယဉ်ကျေးမှု အလှအပများကို ပြသထားပါတယ်။

    

No comments: