Saturday, April 13, 2013
မြန်မာအမျိုးသမီးတွေ နိုင်ငံခြားအလုပ်ထွက်လုပ်ရင် ပျက်စီးတော့မှာလား
ရေးသားသူ — စိုးမိုးသူ
အလုပ်သမားအခွင့်အရေးတောင်းဆိုနေတဲ့ အမျိုးသမီးရွှေ့ပြောင်းအလုပ်သမား
ကျနော့်ကို တချို့ကပြောတယ်။
အကိုရေ ကျနော်တော့ မြန်မာမိန်းကလေးတွေ နိုင်ငံခြားလာ အလုပ်လုပ်မှာကို လုံးဝ ကန့်ကွက်တယ်။ လာ အလုပ် မလုပ်စေချင်ဘူး၊ သူတို့တွေ ပျက်စီးကုန်မှာစိုးလို့...တဲ့
အဲဒီတော့ သူ့ကို ကျနော်က ပြန်မေးလိုက်ပါတယ်။
မင်းကော နိုင်ငံခြားရောက်လို့ ပျက်စီးနေပြီလား။
မင်းတောင် နိုင်ငံခြားရောက်လို့ မပျက်စီးဘူးဆိုရင် မိန်းကလေးတွေကျမှ ပျက်စီးကုန်မယ်ဆိုတာ မိန်း ကလေးတွကို သိပ် အထင်သေးရာကျတယ်လို့ မထင်မိဘူးလား၊
တကယ်တော့ ဘယ်သူက မိဘမောင်နှမနဲ့ ခွဲပြီး တိုင်းတပါးမှာ အလုပ်လာလုပ်ချင်ပါ့မလဲ၊
သူတို့တွေခမြာ ကိုယ့်တိုင်းပြည် အစိုးရက ကိုယ့်ပြည်သူကိုမှ နပ်မှန်အောင် မကျွေးနိုင်၊ ကိုယ့်ရဲ့ ကိုယ်ပိုင် အနာဂတ် အိပ်မက်ကို ရဲရဲဝံ့ဝံ့ မက်ခွင့်မရှိနိုင် ဖြစ်နေကြရတာမို့ ရေကြည်ရာမြက်နုရာ ခုလို နိုင်ငံရပ်ခြား ထွက်ပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်ကြရတာ မဟုတ်လား၊
အဲဒီတော့
တို့တွေက သူတို့တွေရဲ့ ဆန္ဒကို ဖြည့်တင်းပေးနိုင်စွမ်းမရှိလို့ သူတို့ကိုယ်တိုင် ကြိုးစားအားထုတ်ဖို့ လှုပ်ရှားတတ်လာတာကို ဘယ်လို အားပေးကြမလဲ၊ သူတို့လေးတွေ တိုင်းတပါးမှာ အခက်အခဲ မရှိ အလုပ်လုပ်ကိုင်
နို
င်အောင်၊ တွေ့ကြုံလေ့ရှိတဲ့ ဒုက္ခတွေ မကြုံတွေ့ကြရအောင် အရင်ကြိုတင် ရောက်နေကြ
သူ တို့တတွေက သူတို့ကို ဘယ်လို စောင့်ရှောက်ပေးကြမလဲ ဆိုတာကို အလေးအနက် စဉ်းစား ထားကြ ရမှာ မဟုတ်ဘူးလား
လို့ မေးတော့မှ ခေါင်းတဆတ်ဆတ်ညိမ့်ရှာတယ်။
ကိုရီးယားမှာ မြန်မာအပါအ၀င် ရွှေ့ပြောင်းအမျိုးသမီး အလုပ်သမားတွေ အများကြီး ရှိကြပါတယ်။ အားလုံး သူ့အလုပ်သူ ကြိုးကြိုးစားစားလုပ်ကိုင်ရင်း မိဘမောင်နှမတွေကို ထောက်ပံ့ပေးနေကြပါတယ်။
ဒီလိုပဲပေါ့ ကိုရီးယားအလုပ်ရှင်ဆိုးတွေနဲ့ တွေ့ကြရသူတွေလည်း ရှိသလို၊ အဆင်ပြေပြေ အလုပ်လုပ် ကိုင်နေနေကြသူတွေလည်းရှိနေကြပါတယ်။ ကျနော်ဆိုလည်း ညီမ၂ယောက်ရှိပါတယ်။
အကုန်နိုင်ငံခြားထွက် အလုပ်လုပ်ခိုင်းထားတယ်။ နိုင်ငံခြားမှာအလုပ်လုပ်လို့
ပျက်စီးကျစတမ်းဆို ကျနော့် ညီမ၂ယောက် စလုံး...အင်း...
ကျနော်တော့ နိုင်ငံခြားထွက်လာကြတဲ့သူတွေကို အားပေးတယ်။
ငယ်စဉ်ကတည်းက နေ့စဉ်မြင်တွေ့နေကြ၊ လက်ခံယုံကြည်နေကြ တာတွေရဲ့ အောက်မှာ နေထိုင်ကြီးပြင်း ခဲ့ရာ ကနေ နိုင်ငံခြားရောက်လာတော့ကိုယ်နဲ့ သဘာဝချင်း မတူသူ၊ ယဉ်ကျေးမှုချင်း ကွဲပြားသူတွေ နဲ့ တွေ့ဆုံ ဆက်ဆံရင်း အမြင်တွေ၊ ကျယ်လာမယ်၊
မတူတာတွေကြောင့် ဖြစ်ရတဲ့ ထိတိုက်မှုတွေကတဆင့် အရင်လို မတူကွဲပြားမှုအပေါ်မှာ သည်းမခံတတ်၊ အကဲ ဆတ်တတ်တဲ့ မိမိရဲ့ စိတ်ဓာတ်တွေ ရင့်ကျင်လာမယ်၊ မျှမျှတတ တွေးတတ်လာမယ်၊
နားလည် ခွင့်လွှတ်တတ်၊ လက်ခံတတ်တဲ့ အလေ့အကျင့်တွေရလာမယ်ဆိုတာ ကျနော်ကတော့ ကိုယ်တွေ့ ပါပဲ။
ဒီလို အလေ့အကျင့်တွေဟာ အထူးသဖြင့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ အတွေး အခေါ် အယူအဆပေါင်းစုံတွေ နဲ့ ပြည့်ဝနေတဲ့ ကျနော်တို့လို တိုင်းပြည်အတွက် သိပ်လိုအပ်နေတယ်လို့ ကျနော် ယူဆပါတယ်။
ဒါကြောင့်မို့ ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် ကိုရီးယားမှာ
အလုပ်လာလုပ်ကြမယ် ဆိုတာ ကို ကြိုဆိုပါတယ်။ ဒီမှာ မြန်မာ အသင်းအဖွဲ့
ေ
တွ၊ ကိုရီးယားအင်န်ဂျီအိုတွေရှိကြတာမို့ ကံမကောင်းလို့ အခက်အခဲတွေ ရှိလာတဲ့အခါမှာလည်း အကူအညီပေးကြမှာ ဖြစ်ပါတယ်။
အဲ ဒါပေမယ့် နိုင်ငံခြားထွက် အလုပ်လုပ်မယ်ဆိုတာကို ငွေရနိုင်တာ တခုထဲကိုပဲ တွေးပြီးတော့တော့ လွယ်လွယ် မဆုံး
ြ
ဖတ်စေချင်ဘူး။
ကိုယ့်မိဘရင်ခွင်အောက်မှာ နေခဲ့ရတဲ့ ခံစားမှုမျိုးကို ဒီမှာ မရနိုင်ဘူးဆိုတာကို အရင် သိထားစေချင်ပါ တယ်။ ကိုရီးယား ရုပ်ရှင်ကားတွေထဲက နူးညံ့မှုတွေကို မျှော်လင့်ပြီးတော့ မလာစေချင်ပါ။ ဒီမှာလဲ မြန်မာပြည်လိုပါပဲ၊ လူကောင်းရှိသလို လူဆိုးတွေလည်း ရှိကြပါတယ်။
ဒါပေမယ့် ရင့်ကျက်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်မှာဖြစ်တာမို့ ဒီကို လာတာ အရှုံးတော့ မရှိပါဘူး၊
ဒီတော့ ကိုရီးယားကို လာမယ်ဆိုရင်တော့
အရေးတကာ့ အရေးအကြီးဆုံးကတော့ ကိုရီးယား ဘာသာစကားပါပဲ။
ကိုရီးယားဘာသာစကားကို အလုပ်ရဖို့ လိုအပ်တဲ့
ကိုရီးယားစာမေးပွဲ
အောင်နိုင် ရုံ
ေ
လာက်
လေ့လာတာ မဟုတ်၊ ကိုရီးယားမှာ မိမိဘ၀အောင်နိုင်မှု အတွက်ပါ အကြီးမားဆုံး အထောက် အကူရယ်လို့ လေးလေးနက်နက် ယုံကြည်ပြီး လေ့လာစေချင်ပါတယ်။
ဘယ်လောက်လေ့ကျင့်ရမလဲ။
၁၀တန်းအောင်အောင် ကျနော်တို့ ကြိုးစားခဲ့တဲ့နှုန်းလောက် ကြိုးစားသင့်တယ်လို့ အကြံပေးပါတယ်။
ကိုရီးယားကို လာကြမယ့် ညီငယ်၊ ညီမငယ်တို့ကို နွေးထွေးစွာ ကြိုဆိုပါကြောင်း။
စိုးမိုးသူ
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment