ကိုရီးယား
ပြည်သူ့ လွှတ်တော် ဥက္ကဌ မစ္စတာ ဂါန်ချာန်ဟီ၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံ အောက်လွှတ်တော်
ဥက္ကဌ သူရ ဦးရွှေမန်းသည် ၂၀၁၃ ခုနှစ် ဧပြီ ၂၂ ရက်မှ ၂၆ ရက်နေ့အထိ လာရောက် လည်ပတ်မှာ ဖြစ်ပါသည်။
အောက်လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း သည် ကိုရီးယား ခရီးစဉ်အတွင်း သမတ ဘဂီ(န်)ဟဲ၊ နိုင်ငံခြားရေးနှင့်
ကူးသန်းရောင်းဝယ်ရေ ၀န်ကြီး ယူ(ဂ်)ဗြောင်းဆဲတို့နှင့် တွေ့ဆုံဆွေးနွေးပြီး KDI ကိုရီးယားတိုးတက်ဖွံ့ဖြိုးရေး
လေ့လာရေးဌာန၏ လက်ခွဲ (MDI) မြန်မာ တိုးတက် ဖွံ့ဖြိုးရေးလေ့လာရေး ဌာန၊ ဆမ်ဆောန် လျှပ်စစ် ပစ္စည်းထုတ်လုပ်ရုံ၊
ဟွန်ဒိုင် (ဟယောန်ဒဲ) ကားထုတ်ရေးဌာနနှင့် စီးပွားရေး လုပ်ငန်း ဌာနများသို့ လည်း သွားရောက်
လေ့လာ၊ တွေ့ဆုံ ဆွေးနွေး သွားမှာဖြစ်ပါသည်။ အောက် လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ ဒု ဥက္ကဌ ဦးနန္ဒကျော်စွာနှင့်အတူ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာ
ဥက္ကဌ တာဝန်များ ယူထားကြသည့် လွှတ်တော်အမတ် ၅ဦးတို့လည်း လိုက်ပါလာမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံထုတ်
သတင်းများအရ သိရပါသည်။
No comments:
Post a Comment