Sunday, April 21, 2013

စကပ်အတွင်းကို ခိုးရိုက်တဲ့ ရထားပေါ်က ကင်မရာမန်း ရွှေ့ပြောင်းအလုပ်သမား ဖမ်းမိ

ရေးသားသူ — စိုးမိုးသူ

ဧပြီ ၁၇ရက်နေ့၊ ဂယောင်ဂီ ယန်းဂျူးရဲဌာနဟာ ရထားပေါ်မှာ ဆယ်ကျော်သက် မိန်းကလေးရဲ့
ခြေထောက်ကို ဗွီဒီယိုခိုးရိုက်သူ ရွှေ့ပြောင်းအလုပ်သမားA(၂၉နှစ်)ကို ဖမ်းဆီး စစ်ဆေးနေကြောင်း သိရပါတယ်။

Aဟာ ၁၆ရက်နေ့ ညနေ ၆နာရီ ၂၀မိနစ်ခန့်မှာ ဂယောင်ဂီ ယန်းဂျူးမြို့ ယန်းဂျူးဘူတာ မြေအောက် ရထားလိုင်း အမှတ်၁ ရထားပေါ်ရှိ  မျက်နှာချင်းဆိုင်တွင် ထိုင်ပြီး ရထား စီးနင်းလိုက်ပါလာသူ ၁၀ကျော်
သက် B(၁၇နှစ်)ရဲ့ စကပ် အတွင်းကို smart phone ကင်မရာကို အသုံးပြုပြီး ဗွီဒီယို ခိုးဝှက် ရိုက်ကူးခဲ့ ပါတယ်။
ဒါကို Bရဲ့ဘေးမှာ အတူရှိတဲ့ ယောက်ျားလေးအဖော်ဖြစ်သူ C(၁၇နှစ်)က ရိပ်မိသွားပြီး ကန့်ကွက်တဲ့အခါ
Aဟာ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ကို ဖျက်ပြစ်ဖို့ ကြိုးစားခဲ့ပါတယ်။

Bရဲ့ တိုင်ကြားချက်အရ ရဲများဟာ ယန်းဂျူးဘူတာရှေ့ ဘတ်စ်ကားမှတ်တိုင်မှာ Aကို ဖမ်းဆီးခဲ့ပါတယ်။ Aဟာ အစပိုင်းမှာ ပြင်းထန်စွာ ငြင်းဆန်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အပြစ်ရှိကြောင်း ၀န်ခံခဲ့တယ်လို့ သိရပါတယ်။
မူရင်း သတင်း လင့်ခ် http://news1.kr/articles/1094819

No comments: