ရေးသားသူ — စိုးမိုးသူ
ဧပြီ ၁၆ရက်နေ့ ညနေ၅နာရီ ၄၅မိနစ်ခန့်မှာ ဂယောင်နမ်း ဂင်မ်ဟဲမြို့ ဆိန်းလင်မ်ရပ်ကွက် တာဂျွန်းလမ်း
ရှိ စက်သုံးပစ္စည်းများကို အပူပေးတဲ့ စက်ရုံတရုံမှာ စက်ပျက်လို့ စက်ကို စစ်ဆေးနေတုန်း စက်က ရုတ်တရက် လည်ပတ်တာကြောင့် စက်ကိုစစ်ဆေးနေသူ အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမားရဲ့ ခေါင်းက စက်တွင် ညပ်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်မှ ဖြစ်ရလေဗျာ။ အားလုံး သတိထားကြပါ။ ကျနော်တို့တွေ ကိုင်တွယ်နေရတဲ့ စက်တွေဟာ အများအား
ဖြင့် ဟောင်းနွမ်းနေတဲ့ စက်တွေ များကြတာကြောင့် ခဏခဏ ပျက်တတ်သလို စက်ပြင်နေတုန်းလည်း ရုတ်တရက် စက်က ထပြီး လည်တတ်တာမို့ အထူး သတိထားစေချင်ပါတယ်။
သတင်းလင့်ခ် http://www.nocutnews.co.kr/Show.asp?IDX=2466415
Sunday, April 21, 2013
စက်ပြင်နေတုန်း စက်က ထလည်၊ စက်ပြင်သူ ရွှေ့ပြောင်းအလုပ်သမား ခေါင်းညပ်သေဆုံး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment