မြန်မာတို့၏ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီး ကျောင်းတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် နှစ်ဦးအကြိုတရားပွဲ၊ ဂယောင်ဆန်ဂျီလျန်း စက်မှုဇုံ ရွှေညီအစ်ကိုများ၏ နှစ်ဦးအလှူကုသိုလ်ပွဲ၊ ကျောင်းအကျိုးဆောင်အဖွဲ့မှ ဦးဆောင်ပြုလုပ်မည့် နှစ်သစ်အကြို ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် အဝေးအနီး အသီးသီးရှိ ရွှေမြန်မာများ၏ ရင်းနှီးကြည်သာ တွေ့ဆုံပွဲ အဖြာဖြာတို့ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား အတူတကွ ကြွရောက်ပါဝင် ကုသိုလ်ဆင်ကြပါရန် အကျိုးဆောင်များနှင့် အလှူရှင် အပေါင်းတို့က လေးစားစွာ အထူးဖိတ်ကြားအပ်ပါသည်။
နေ့ရက် = ၁၄-၄-၂၀၁၃ ၊ (၁၃၇၄ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ သင်္ကြန်အကျနေ့) ၊ တနင်္ဂနွေနေ့
ဧည့်ခံချိန် = နံနက် ၁၀နာရီမှ နေ့လည် ၂နာရီအထိ
တရားနာချိန် = နေ့လည် ၁၂နာရီ ၃၀
ဇီဝိတဒါနကုသိုလ်ချိန် = နေ့လည် ၂ နာရီ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း
လေးစားစွာဖြင့်
ကျောင်းအကျိုးဆောင်အဖွဲ့နှင့် ဂယောင်ဆန်ဂျီလျန်း ရွှေညီအစ်ကိုများ
No comments:
Post a Comment