ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂမ်ဟဲ ဒေသရှိ ရွှေမြန်မာညီအစ်ကိုများမှ စုပေါင်းကျင်းပသော မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ဘူဆန်မြို့ ဆာဆန်းတွင် ဧပြီလ (၁၄) ရက် (သင်္ကြန်အကျနေ့)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဓိကရည်ရွယ်ချက်မှာ ကိုရီးယားသို့ ရောက်ရှိနေကြတဲ့ ရွှေမြန်မာညီအစ်ကိုတွေ မြန်မာနှစ်သစ်မှာ ရင်းနှီးစွာ တွေ့ဆုံကြပြီး ကိုရီးယားနိုင်ငံ ရောက်နေပေမဲ့ အစဉ်အလာမပျက် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စုပေါင်းကျင်းပကြတာဖြစ်ပါသည် ၊
ဘူဆန်မြို့တွင် ကျင်းပမည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ကို (ဆာဆန်း HOME PLUS ရှေ့) 사상 르네시떼 တွင် ကျင်းပမည်ဖြစ်ပါသည်။ သင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာပြခန်းများ ၊ မြန်မာ့ရိုးရာအစားအစားများ မုန့်များကို လာရောက်ကြသော ဧည့်ပရိသတ်များကို ဧည့်ခံကျွေးမွေး မည်ဖြစ်ပါသည်။
ထို့အပြင် ရွှေမြန်မာများအတွက် ရွှေအလင်းတန်း စာကြည့်တိုက် ရန်ပုံငွေ အဖြစ် ရောင်းချထားသော လက်မှတ်များကို ပထမဆု- Digital Camera ၊ ဒုတိယဆု- MP4 ၊ တတိယဆုကို USB Memory Stick များ ကံစမ်းမဲဖောက်ပေးမည်ဖြစ်ပါသည်။
AN ERA တီဝိုင်းအတွက် ကိုတိုးသူရ နှင့် ဆရာလှမင်းထွန်း ၊ ကံစမ်းမဲဖောက်ခြင်း နှင့် ပြခန်းအတွက် ကိုမင်းလတ် နှင့် ကိုဇော်မင်း ၊ မှတ်တမ်းတင် ဓါတ်ပုံ ကိုကျော်ဇင်အောင် ၊ သန့်ရှင်းရေးအတွက် Gimhae ကျောင်းသားများ ၊ ကိုလင်းလင်း တို့မိသားစု မှ (သာကူကျွေး) ကိုဝင်းစိန် ၊ ကြာဇံချက် အတွက် ကိုတိုးသူရ နှင့် ကိုဝင်းနိုင် ၊ လက်ဘက်ရည် Gimhae စာကြည့်တိုက် ကျောင်သားများ ၊ ၀က်သားဒုတ်ထိုးကို နုတ်ဆန်းအဖွဲ့ ၊ ကျောက်ကျောကို ကိုရီးယားတက္ကသိုလ်ကျောင်းသားများ(မြန်မာ) အဖွဲ့ မှ ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသည်။
မြန်မာတို့၏ ရိုးရာသင်္ကြန်ပွဲတော်သို့ ဘူဆန် ၊ ဂမ်ဟဲ အနီးအနားရှိ ရွှေမြန်မာများ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်
နေ့ရက် - ၁၃၇၅-ခုနှစ် တန်ခူးလဆန်း (၄) ရက် ၊ 14-4-2013 (တနင်္ဂနွေနေ့)
အချိန် - နေ့လည် (၁၂) နာရီမှ ညနေ (၅) နာရီအထိ
နေရာ - (ဆာဆန်း HOME PLUS ရှေ့) 사상 르네시떼
No comments:
Post a Comment