မြန်မာတို့၏ (၁၃၇၄)ခု ၊ နှစ်ဟောင်းလွန်မြောက်(၁၃၇၅)ခု နှစ်သစ်ရောက်ရာ ကောင်းမြတ်သော သင်္ကြန် အချိန်အခါကာလ သမယဝယ် ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်လာများ အလေးမြတ်ပြုလျှက် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်တွင် ကိန်းဝပ်စပ္ပါယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်ဆင်းတုတော်များ ရောင်ခြည်တော်ဖွင့် ရေသပ္ပါယ်တော်မူခြင်း ၊ ဘုရားအနေကဇာတင်ခြင်း ၊ပရိတ် ပဋ္ဌာန်း ဓမ္မင်္ကြာရွတ်ဖတ်ပူဇော်ခြင်း ၊ပြည်သူ ပြည်သား ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအပေါင်းတို့အား မေတ္တာရေလောင်း၍ ဘုရားအမှူးရှိသောသံဃာတော်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်းတို့ကိုလှူဒါန်းဆက်ကပ်ခြင်း အစရှိသော ကုသိုလ်ကောင်းမှုများပြုလုပ်မည်ဖြစ်ပါသည် ။
ကုသိုလ်ပွဲသို့ ကြွရောက်လာသော ဧည့်ပရိသတ်အားလုံးတို့အားလည်း ကိုရီးယားရောက်
ခရမ်းမြို့သူ မြို့သား ရွှေညီအကိုများမှ အနန္တဂုဏ်အင် ကျေးဇူးရှင်မိဘဆရာသမားများ၏ဂုဏ်ကို ဦးထိပ်ရွက်ပန်ဆင်လျှက် အာဟာရဒါန ကုသိုလ်အဖြစ် နှစ်စဉ်နှစ်တိုင်းကဲ့သို့အစဉ်လာမပျက် ဧည့်ခံကျွေးမွေး ကုသိုလ်ယူကြမည်ဖြစ်ပါ၍ ကျနော်များ၏ ကုသိုလ်ကို ကြွရောက်ချီးမြောက်ကြပါရန် ခင်မင်လေးစားစွာဖိတ်ကြားအပ်ပါသည် ။
အစီအစဉ် -
၁။ ၂၀၁၃.၄.၁၃ ရက် စနေ နေ့ည ၇နာရီ ဘုရားရောင်ခြည်တော်ဖွင့် ပဋ္ဌာန်းရွဖတ်ပူဇော်ခြင်း။
၂။၂၀၁၃.၄.၁၄ရက် တနင်္ဂနွေနေ့ နံနက် ၆နာရီ ဘုရားအနေကဇာတင်၍ ဓမ္မင်္ကြာရွတ်ဖတ်ပူဇော်ခြင်း။
၃။ခရမ်းမြို့ရွှေညီအကိုများမှ ဘုရားအမှူးရှိသော သံဃာတော်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသောဧည့်ပရိသတ်တို့အား ဧည့်ခံကျွေးမွေးခြင်း။
၎။၂၀၁၃.၄.၁၄ ရက်တနင်္ဂနွေနေ့ နေ့လည် ၁နာရီအခန့် အနုမောဒနာတရားနာကြားပြီး
ကုသိုလ် အစုစုအဖို့ဘာဂကိုအမျှတန်းပေးဝေခြင်း။

No comments:
Post a Comment