စစ်ကိုင်းတိုင်း ရွှေဘိုနယ်နေ ကိုဇော်မင်းဌေးသည် မြန်မာနိုင်ငံတွင် မတော်တဆ ချော်လဲပြီး လက်နာဖြင့် ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ပါသည်။ ကိုရီးယားနိုင်ငံသို့ ရောက်ရှိပြီး နောက်တစ်ရက်တွင် လက်နာဖြင့် စတင် အလုပ် လုပ်ကိုင်ရာ ညာဘက်လက်က အလွန်နာကျင်လာသဖြင့် စက်ရုံပိုင်ရှင်အား ဆေးကုသရန် ပြောရာတွင် မြန်မာနိုင်ငံမှ ဖြစ်လာသော အနာဖြစ်သဖြင့် သူတို့နှင့် မသက်ဆိုင်ကြောင်း နောက်ပိုင်းတွင် စက်ရုံ ပြောင်းခွင့်စာကိုသာ တောင်းယူလာခဲ့ပြီးနောက် ယဲစု(လ်) ဆေးရုံတွင် ဓာတ်မှန် ရိုက်ကြည့်ရာ လက်ကျိုးနေကြောင်း ခွဲစိတ်ကုသရမည်ဖြစ်ကြောင်း ၂၅ သိန်း အဆင့်သင့်ဖြစ်ပါက ဆေးရုံ တက်ရောက် ကုသရန်ပြောပြီး ပြန်ခိုင်းလိုက်ပါသည်။ လက်ကျိုးဖြင့် ပတ်တီးစီးပြီးနေရာ မေ ၂၇ ရက်က ပူချောန် ဆောန်မို ဆေးရုံကြီးတွင် အရိုးအထူးကု ဆရာဝန်နှင့် ပြသရာ ညာဘက် လက် လက်ဖျံရိုး တချောင်း ကြိုးနေသဖြင့် ခွဲစိတ်ရန် ဆေးရုံ တက်ခိုင်းလိုက်ပါသည်။ ကိုဇော်မင်းဌေးသည် စက်ရုံတွင် တစ်ရက်သာ အလုပ်လုပ်ကိုင်ပြီး ထွက်လာဖြင့် နိုင်ငံခြားသား ကဒ်နှင့် ကျန်းမာရေး အာမခံ ကဒ်လည်း မလျှောက်ထားရသေးသဖြင့် ဆေးအာမခံ မရှိဘဲ ခွဲစိတ်ကုသပါက ဆေးကုသစရိတ်က သိန်း ၄၀ကျော် ကုန်ကျမှာ ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ငွေကြေးကို ကိုဇော်မင်းဌေးအနေနဲ့ မြန်မာနိုင်ငံမှ ပြန်လည် မှာကြားရန် အခက်အခဲ ရှိနေပါသဖြင့် ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာ ညီအကို မောင်နှမ အပေါင်းတို့က တတ်နိုင်တဲ့သည့်ဘက်က ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ကိုဇော်မင်းဌေး၏ သူငယ်ချင်း တစ်စုကလည်း တတ်နိုင်သည့်ဘက်က ဆေးကုသစရိတ်ကို ကူညီနိုင်ရန် ကြိုးပမ်းလျက် ရှိပါသည်။
ဆေးကုသစရိတ်ကို လူကိုယ်တိုင်သော်လည်းကောင်း အောက်ပါ ဘဏ်စာရင်းထဲသို့ ထည့်သွင်း ကူညီနိုင်ပါသည်။
အမည်။ MAUNG ZAW
ဘဏ်စာရင်း အမှတ် = ၂၁၆၀၁၂ - ၅၁ -၂၉၅၃၆၇
NH Bank
အသေးစိတ်ကို သိရှိလိုပါက ကိုဇော်မင်းဌေးကို စောင့်ရှောက်ပေးနေသော ကိုဇော်မင်းဌေး လက်ကိုင်ဖုန်း အမှတ် ( ၀၁၀ - ၅၉၂၇ - ၆၃၉၉ ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ပူချောန် ဆောန်မို ဆေးရုံကြီး လူမှုအထောက်အကူပြုဌာနကလည်း ကိုဇော်မင်းဌေး၏
ခွဲစိတ်ခကို တတ်နိုင်သည့်ဘက်က ကူညီနိုင်ရန် ကြိုးပမ်းနေလျက် ရှိကြောင်း
သိရပါသည်။
အကျိုးဆောင်အဖွဲ့
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)
ဘူဖြောန်းမြို့
Tuesday, May 28, 2013
ဆေးကုသစရိတ် ကူညီ ပေးကြပါစို့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment