ရေးသားသူ — စိုးမိုးသူ
တောင် အူလ်ဆန်းရဲဌာနဟာ လွန်ခဲ့တဲ့ ၂၄ရက်နေ့က စတိုးဆိုင်တွင်း ငွေခိုးယူသူ မြန်မာနိုင်ငံသား A(၄၃နှစ်)ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Aဟာ လွန်ခဲ့တဲ့ ၂၂ရက် မနက် ၆နာရီခွဲမှာ နမ်ဂူး ဂျန်ဆိန်းဖိုဒုန်ရှိ စတိုးဆိုင်တဆိုင်တွင်း ၀င်ရောက်ကာ ဆိုင်ပိုင်ရှင် အမျိုးသမီးက ဖုန်းစကားပြောနေတုန်း ငွေသား ၃သိန်း၅သောင်းအား ခိုးယူ ထွက်ပြေးသွားခဲ့ပါတယ်။
ရဲများရဲ့ စစ်ဆေးချက်အရ ဂျန်ဆိန်းဖိုဒုန်ရှိ တခုသော ငါးဖမ်းကုမ္ပဏီမှာ အလုပ်လုပ်သူ Aဟာ စတိုးဆိုင်သည် မနက်ပိုင်းတွင် အမျိုးသမီးတယောက်တည်း ရှိသည်ကို သိထားကာ အခုလို အမျိုးသမီးတယောက်တည်းရှိစဉ် အခွင့်ကောင်းယူကာ ငွေခိုးယူမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မူရင်းသတင်းလင့်ခ် http://news1.kr/articles/1188939
Tuesday, June 25, 2013
စတိုးဆိုင်တွင်း ငွေခိုးသူ မြန်မာငတက်ပြား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment