Tuesday, June 25, 2013

ဂျိုဂဲဆာ (조계사) ရွှေ့ပြောင်းသူများ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်

ကိုရီးယား ဂျိုဂဲဗုဒ္ဓဘာသာအသင်းကြီး(조계사)၏ ကိုရီးယားနိုင်ငံရောက် ရွှေ့ပြောင်းသူများ ချစ်ကြည်ရေးအစီအစဉ်ဖြင့် ၊ သမိုင်းဝင် ဂယောင်းဘု-ခ် နန်းတော် (경북궁) နှင့် ရွေ့ပြောင်းသူများယဉ်ကျေးမှုပွဲတော် လေ့လာရေးနှင့် အမှတ်တရ ခရီး အခမဲ့ လိုက်ပို့မည် ။ အစီအစဉ်မှာအောက်ပါအတိုင်းဖြစ်ပါသည်-

ရက်စွဲ-
၂၀၁၃ ခုနှစ် ဇွန်လ ၃၀ ၊ တနင်္ဂနွေနေ့

အချိန်-
နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ

အစီအစဉ်များ-
- နံနက် ၈နာရီ ဘူဖြောင်းဘူတာ ကြိုပို့ယာဉ် မှစတင်ထွက်ခွါပါမည် ။
- နံနက် ၉ နာရီခွဲ ဆောအူးလ် ၊ ဂယောင်းဘု-ခ် နန်းတော်(경북궁) သို့ရောက်ရှိပါမည် ။
- နေ့လည် ၁၂ နာရီခွဲ နေ့လည်စာသုံးဆောင်ကြပါမည် ။
- နေ့လည် ၁ နာရီ ၊ ဂျိုဂဲဆာသို့ ခရီးဆက်မည်။
- နေ့လည် ၂ နာရီ (ဂျိုဂဲဆာ) ရွှေ့ပြောင်းသူများယဉ်ကျေးမှုပွဲတော်သို့ ပါဝင်ဆင်နွဲကြပါမည်။

***

• ဂယောင်းဘု-ခ်နန်းတော်သည် ဆောအူးလ်မြို့တော်ရှိ ၊ နန်းတော်ကြီး ၄ခုအနက် အထင်ရှားဆုံးနန်းတော်ဖြစ်ပါသည် ။
• ကြိုပို့ယာဉ်နှင့် နေ့လည်စာကို ဂျိုဂဲဆာမှ တောက်ပံ့လှူဒါန်းပါသည် ။
• လိုက်ပါလိုသူများ ၀၁၀-၂၃၃၁-၂၄၅၇ ထံ ၊ ဇွန်လ ၂၈ ညနေ ၆ နာရီ နောက်ဆုံးထားစာရင်းတင်သွင်းနိုင်ကြပါသည် ။
• လူဦးရေ ၄၀ ဦးသာ လက်ခံပါမည် ။
လေးစားခင်မင်မှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

No comments: