Tuesday, June 25, 2013

ဆင်းကဒ်ကြောင့် ရဲစခန်းရောက်

၂၀၁၃ ခုနှစ် ဇွန် ၂၄ ရက် ညနေပိုင်းလောက်က နာမ်ယောန်ဂျူမြို့ ရဲစခန်းမှာ ကျနော်တို့ မြန်မာနိုင်ငံသား တစ်ဦးက ဖုန်း ခိုးမှုဖြင့် တိုင်ချက် ဖွင့်ဆိုထားခြင်း ခံနေရပါတယ်။ ဖြစ်ပုံက ဇွန်လ လဆန်းလောက်က စိုက်ပျိုးရေး လုပ်ငန်းတွင် အဖွားကြီးများ ၃ဦးနဲ့တူ အလုပ်လုပ်ကိုင်နေတဲ့ ကို - က ညနေပိုင်း အလုပ်ပြီးတဲ့အချိန် အိမ်ပြန်ဘို့ ပလပ်စတစ် အိမ်ထဲက ထွက်အလာ ပလပ်စတစ် အိမ် အလည်လောက်တွင် ခေါက်ဖုန်း တစ်လုံးကို တွေ့လို့ ဆင်းကဒ်ကို ယူပြီး ဖုန်းခွံကို ပလပ်စတစ် အိမ် အပြင်ဘက်မှာ ထားခဲပါတယ်။ အခန်းပြန်ရောက်တော့ အတူနေ ရွှေမြန်မာ ဆီက ဖုန်းခွံကို ယူပြီး ခဏက ယူလာတဲ့ ဆင်းကဒ်ကို ထည့်ပြီး မြန်မာပြည်က အမေထံနဲ့ ဖုန်းရောင်းတဲ့ ကုမ္ပဏီတို့ကို ဆက်သွယ်လိုက်ပါတော့တယ်။
( အဆိုပါ ကိုရွှေရဲ့ ပြောပြချက်အရ ယခု ကိုရီးယားသို့ လာရောက်မယ့် ရွှေညီနောင် အလုပ်သမားများကို ဖုန်း ကုမ္ပဏီက ကြိုတင် ဖုန်းရောင်း စနစ်နဲ့ ရောင်းချပေးပြီး ကိုရီးယားသို့ ရောက်ပါက ဘဏ် စာအုပ် မိတ္တူကို ဖက်စ်ဖြင့် ပို့ပေးပါပြီး ဖုန်းဆက်သွယ်ပါက မှာကြားသူ ရွှေ အလုပ်သမားဆီကို မိမိနှစ်သက်သော ဖုန်းကို ပို့ပေးပါတယ်။ )
ဖုန်းခေါ်တာကလည်း များတယ်ထင်ပြီး၊ ဖုန်းပိုင်ရှင်က သိပါက ရှက်ဖွယ်ဖြစ်၍ စင်းကဒ်ကို အခန်းဘေးက ချောင်းထဲသို့ လွှတ်ပစ်လိုက်ပါတော့တယ်။ ဖုန်းပျောက်တဲ့ အဖွားကြီးက ဖုန်းပျောက်၍ ရဲစခန်းသို့ တိုင်ကြား အမှုဖွင့်ခဲ့သဖြင့် အဆိုပါ ကို ကို ရဲများက ဇွန် ၂၄ ရက် နေ့လည်ပိုင်း လာရောက် ဖမ်းဆီးခေါ်ဆောင်ပြီး ည ၉ နာရီအချိန်မှာ အမှုနဲ့ ပတ်သက်ပြီး စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ ရဲကတော့ အလုပ်ပိုင်ရှင်နဲ့ အဖွားကြီးကို သူတို့တတွေ စိတ်ကြေနပ်သည့်အထိ တောင်းပန်ရန် ပြောပါတယ်။ စစ်ဆေးချက်များကိ တရားရုံးသို့ တင်ပြမှာဖြစ်ပြီး တရားသူကြီးက ဘယ်လို ဆုံးဖြတ်မယ်ဆိုတာကို တရားခံ ကိုရွှေမြန်မာက စောင့်ဆိုင်နေပါတယ်။ ကိုရီးယားနိုင်ငံလုံးဆိုင်ရာ မြန်မာသံရုံး အလုပ်သမားဌာက တာဝန်ရှိတွေကလည်း အဆိုပါ အမှုနဲ့ ပတ်သက်ပြီး လိုက်လံ ကူညီပေးနေကြောင်း သိရပါတယ်။
ကိုရွှေမြန်မာတို့ရေ ကိုရီးယားနိုင်ငံမှာ ကိုယ်နှင့် မသက်ဆိုင်သော ဘယ်ပစ္စည်းကိုမျှ မထိ၊ မကိုင်၊ မယူဘို့ သတိပေးအပ်ပါတယ်။ နေရာတကာမှာ စီစီ တီဗွီတွေ တတ်ထားသလို ဆက်သွယ်ရေး ကိရိယာတိုင်းမှာ သတင်းအချက်အလက်များ ရှိနေ၍ လွယ်လွယ်နဲ့ တိမ်းရှောင်နိုင်မှာ မဟုတ်ဘဲ ခဏတာအတွင်းမှာ ချက်ခြင်း ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်နိုင်ငံ ကိုယ်လူမျိုးရဲ့ ဂုဏ်သိက္ခာမြှင့်တင်ရေးသည် အမိနိုင်ငံအတွင်းမှာ မွေးဖွား နေထိုင်သူများရဲ့ တာဝန်သာဖြစ်ကြောင်း -
အမျိုးမြှင့်၍ ဂုဏ်တင့်ပါစေ။



No comments: