Tuesday, July 30, 2013

ဘူဆန်း ဟဲအွန်းဒဲ ပင်လယ်ကမ်းခြေ အပန်းဖြေခရီးစဉ်အတွက် ဘတ်စ်ကား ၂စီး ငှားလိုက်ပြီဗျို့

ရေးသားသူ —စိုးမိုးသူ

ပိတောက်ရိပ်ကုမ္ပဏီရဲ့ ဘူဆန်း ဟဲအွန်းဒဲ ပင်လယ်ကမ်းခြေ အပန်းဖြေခရီးစဉ် လိုက်ပါလိုသူတွေ ၄၅ယောက်စီး ကားတစီးထက် ကျော်လွန်သွားပါပြီ။

နွေရာသီ အားလပ်ရက်ကို ပိတောက်ရိပ်နဲ့အတူ ဘူဆန်းမှာ အနားယူလိုသူ ညီအကို မောင်နှမများ လူပြည့်လို့ မလိုက်နိုင်မရှိရအောင်

အားလုံး ကျယ်ကျယ်ဝန်းဝန်းဖြင့် သက်တောင့်သက်သာ ခရီးထွက်နိုင်အောင်
 အတွက် နောက်ထပ် ကားတစီး ထပ်ငှားလိုက်ပါတယ်။


အတူလိုက်ပါလိုသူ ညီအကိုမောင်နှမများအနေဖြင့် စရန်ငွေ ၅သောင်းနှင့်အတူ ကြိုတင် စာရင်းပေးသွင်းနိုင်ပါပြီ။

ကြိုတင်စာရင်းပေးသွင်းလို သူများအနေဖြင့်
- ပိတောက်ရိပ်ကုမ္ပဏီ တည်ရှိရာ ပိတောက်ရိပ်ကဖေးသို့ ကိုယ်တိုင်လာရောက်၍ လည်းကောင်း၊
- ပိတောက်ရိပ်ကုမ္ပဏီခရီးသွားလုပ်ငန်းတာဝန်ခံ 010-4187-5218၊ 010-7155-6581သို့ ဆက်သွယ်ကာ စရန်ငွေအား Kookmin Bank 392801-04-104589 ZAY MIN သို့ ပေးပို့နိုင်ပါတယ်။
kookmin bank code numberက (004)ဖြစ်ပါတယ်။

No comments: