Thursday, July 25, 2013

ပထမအကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဝါဆိုဦး အထူးတရားပွဲတော်ဖိတ်ကြားခြင်း

ရေးသားသူ — ကိုမွန်လေး



        ကိုးရီးယားနိုင်ငံ ချိုချီဝမ်မြို့  အဖြူရောင်သူငယ်ချင်းများမှ ပထမကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှူ ပူဇော်ပွဲ နှင့်ဝါဆိုဦး အထူးတရားပွဲကို ဝေါဆရာတော် အရှင်သုမင်္ဂလ မြန်မာဗုဒ္ဓ သာသနာ ပြု ကျောင်းတော် (ကိုရီးယား)အား အမှူးထား၍   အောက်ပါ အစီအစဉ်အတိုင်း ကျင်းပ မည်ဖြစ်ပါသဖြင့်ကျနော်တို့နှင့်အတူကုသိုလ်တော်ယူကြပါရန်အဝေးရောက်သူငယ်ချင်းများအားလုံးကို လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ ။
နေရာ
   ဒယ်ဆောင် ရောင်းမား (ချိုချီဝမ်)

အချိန်
 (စနေနေ့ ည ၈ နာရီ ၃၀ )

နေ့ရက်
၁။  ၂၀၁၃ခုနှစ် ဇူလိုင်လ ၂၇ ရက် ညနေ  
၂။  ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်  (တနင်္ဂနွေ နေ့ မနက် )

အစီအစဉ် (၁)
ဝေါ ဆရာတော် အရှင် သုမင်္ဂလ မြန်မာဗုဒ္ဓသာသနာပြုကျော်တော် (ကိုရီးယား)မှ
ဝါဆိုဦး အထူးတရားပွဲ ဟောကြားမည်ဖြစ်ပါသည် ။ ။

အစီအစဉ်(၂)
အာရုံဆွမ်းကပ်လှုပြီး သီလခံယူဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်း နှင့်တကွ အလှူပစ္စည်းများဆက် ကပ်လှူဒါန်းခြင်း၊တရားနာယူခြင်း၊အလှူတော်အစုစုအတွက်ရေစက်ချအမျှအတန်းပေးဝေခြင်းတို့ ဖြစ်ပါသည်။ ။
                                                   
လေးစားစွာဖြင့်

ချိုချီဝမ်မှ အဖြူရောင်သူငယ်ချင်းများ

No comments: