၂၀၁၃ ခုနှစ် သြဂတ် ၁၈ ရက် တနင်္ဂနွေနေ့ နံနက် ၆ နာရီ ၃၀ မီနစ် အချိန်က ဆောဂ်ကွာန်ဆာ ကျောင်းဝန်းအတွင်းရှိ  နေအိမ်၌ မြန်မာအသင်း (ကိုရီးယား) က ဦးစီး၍ ကိုရီးယားနိုင်ငံအတွင်း  ကွယ်လွန်သွားကြသူများ ကုသိုလ် ကောင်းကျိုး ရရှိစေရေးနှင့်   လက်ရှိနေထိုင်နေကြသော မြန်မာ တိုင်းရင်းသား အပေါင်း ဘေးရန် ကင်းကွာ  ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာစေရန် ရည်သန်၍ မြတ်စွာ ဘုရား  အမှူးထားပြီး ပင့်သံဃာတော်များဖြစ်ကြသော  မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်  (ကိုရီးယား) က ဦးဥတ္တရနှင့် ဓမ္မဒူတကျောင်းတော် (ကိုရီးယား) က  ဦးကိတ္တိသာရတို့အား ဆွမ်း ဘောဇဉ် ခဲဘွယ်တို့ကို ဆက်ကပ်လှူဒါန်းပြီး တရားတော် နာ၊  ရေစက်  သွန်းချ အမျှပေးဝေကြပါသည်။ ကုသိုလ်အပေါင်း သာဓု ခေါ်စေသောဝ်။ 
 

 
 
 
No comments:
Post a Comment